ရွှေတိဂုံစေတီတော် ရွှေပြားသင်္ကန်းတော်ကပ်လှူပူဇော်ခြင်း ပြီးစီးမှုကို ဖေဖော်ဝါရီလမှာ အပြီးသတ်ကပ်လှူနိုင်ဖို့ စီစဉ်ထားပေမယ့် မျက်ပါးရွှေကပ်လှူမှုအပြီးမသတ်နိုင်သေးတာကြောင့် မူလသတ်မှတ်ရက်ထက်ကျော်လွန်နိုင်တယ်လို့ သိရပါတယ်။ရွှေတိဂုံစေတီတော်မှာ ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ဖို့အတွက် ငြမ်းစေတီလုပ်ငန်းစတင်ခြင်းကို (၂၀၁၈)ခုနှစ် စက်တင်ဘာလ (၁၅)ရက်မှာစတင်ပြုလုပ်ခဲ့တာပါ။ ရှစ်မြှောင့် အဆင့်(၃၁)ကနေ အဆင့်(၄၀)အထိကိုတော့ gold Coating ရွှေပြားတွေကပ်လှူနေတယ်လို့သိရပါတယ်။ လက်ရှိမှာ မြက်ပါးရွှေတွေကပ်လှူနိုင်ဖို့ မျက်ပါးအဟောင်းတွေကိုခွာချပြီး သစ်စေးသုတ်ချိန်မှာ မိုးရွာသွန်းခဲ့တာကြောင့် လုပ်ငန်းကြန့်ကြာမှုရှိခဲ့သလို စစ်ဆေးရေးအဖွဲ့က အောက်ခံကြေးပြားတွေကို မျက်နှာပြင်ညီအောင်ပြန်လုပ်ဖို့ အကြံပြုခဲ့တာကြောင့် ကြေးပြားတွေကို ခွာပြီး ပြန်ကပ်ဖို့(၁)လအချိန်ပိုယူရမှာလို့သိရပါတယ်။ 

ကြာမောက်ကြာလန်က Gold Coating ရွှေပြားတွေကိုတော့ နိုဝင်ဘာလ (၂၈) ရက်မှာ အပြီးသတ်ခွာယူခဲ့ပြီး အဲ့ဒီထဲကရွှေပြား (၁၀၇)ချပ်ကို နမူနာယူပြီး စစ်ဆေးဆဲဖြစ်တယ်လို့သိရပါတယ်။ကြာမောက်ကြာလန်က ရွှေပြားတွေရဲ့ စစ်ဆေးမှုရလဒ်ကိုတော့ ရွှေတိဂုံစေတီတော်ဂေါပက အဖွဲ့ကထုတ်ပြန်သွားမှာ မဟုတ်ဘဲ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက သာထုတ်ပြန်ပေးသွားမှာ လို့သိရပါတယ်။ ကြာမောက်ကြာလန်မှာရှိတဲ့  ရွှေပြား(၃၉၀၀)ကျော်ကို အကုန်ဖြုတ်ပြီး အသစ်ပြန်လည်ကပ်လှူမှာလို့သိရပါတယ်။ လက်ရှိမှာတော့ ရွှေတိဂုံစေတီတော်ကို ရွှေသင်္ကန်းကပ်လှူမှုက (၇၀)ရာခိုင်နှုန်းထိပြီးစီးနေပြီလို့ သိရပါတယ်။ရွှေစင်ရွှေပြားတွေကို အများပြည်သူများလာရောက် လှူဒါန်းနိုင်ဖို့အတွက် ဖေဖော်ဝါရီလကုန် အထိ လှူဒါန်းမှုများကိုလက်ခံပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။

 

Related News