တိံကြ်ားမိသားစု ရဲ့ ဒယ်(၂၄၀၀)ထမနဲထိုးပွဲကို ဇန်န၀ါရီလ (၂၄)ရက်ကနေ ဖေဖော်ဝါရီလ(၁၈)ရက်အထိ လှိုင်မြို့နယ်မှာ ပြုလုပ်နေတယ်လို့ သိရပါတယ်။ တိံကြ်ားမိသားစုရဲ့ ထမနဲထိုးပွဲကို နှစ်စဉ်ကျင်းပလာတာဖြစ်ပြီး ဒီနှစ်မှာတော့ အကြိမ် (၄၁)မြောက်အဖြစ် ထမနဲဒယ် (၂၄၀၀)ကို ထိုးကာလှူဒါန်းတာဖြစ်တယ်လို့သိရပါတယ်။ ထမနဲတစ်ဒယ်ကို ငွေကျပ်(၅၀၀၀၀)ခန့်ကုန်ကျပြီးတစ်နေ့ကို ထမနဲ ဒယ် (၁၀၀)၀န်းကျင် ထိုးကာ လှူဒါန်းနေတာဖြစ်တယ်လို့သိရပါတယ်။ ဒီလိုလှူဒါန်းရာမှာ မြန်မာနိုင်ငံလှေလှော် အသင်းမှ လှေလှော်အသင်းသားတွေနဲ့  စေတနာအရနေ့စဉ်လုပ်အားဒါနလာရောက်လုပ်ကိုင်သူ အယောက်(၂၀၀)ခန့်ရှိတယ်လို့သိရပါတယ်။

ထမနဲထိုးရာမှာ အများပြည်သူအတွက် သန့်ရှင်းသပ်ရပ်ပြီးအနံ့အရသာနှင့်ပြည့်စုံအောင် စနစ်တကျထိုးပြီး လှူဒါန်းတာဖြစ်တယ်လို့ပြောပါတယ်။ရရှိလာတဲ့ထမနဲတွေကိုတော့ ဘုန်းတော်ကြီး သင်ပညာရေး ကျောင်းများ၊မိဘမဲ့ကျောင်းများ၊ဘိုးဘွားရိပ်သာများနဲ့ဌာနဆိုင်ရာအသီးသီးတို့ကို လှူဒါန်းနေတာဖြစ်တယ်လို့သိရပါတယ်။ တိံကြ်ားမိသားစုအနေနဲ့ ထမနဲအလှူစတင်လှူဒါန်းခဲ့စဉ်က ထမနဲဒယ် (၃၁)ဒယ်ကနေ စတင်လှူဒါန်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။နှစ်စဉ် ပြာသိုလပြည့်ကျော်မှ တပိုတွဲလပြည့်နေ့အထိ ထမနဲထိုးလှူဒါန်းမှုကိုပြုလုပ်တာဖြစ်ပြီး ထမနဲထိုးပွဲကို ပြည်တွင်း၊ ပြည်ပက ဧည့်သည်တွေကပါလာရောက်လေ့လာလေ့ရှိတယ်လို့သိရပါတယ်။


 

Related News