မြန်မာလက်ရွေးစင်ဂျူဒိုကစားသမားများနဲ့ ပူးတွဲလေ့ကျင့်ရန်အတွက် ဂျပန်နိုင်ငံ ဟိုကုရှင်းအက်ဆုတက္ကသိုလ်မှ နည်းပြနဲ့ ကစားသမားစုစုပေါင်း (၁၄)ဦးကတော့ ဖေဖော်ဝါရီလ (၁၁)ရက်က မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့ပါတယ်။အဆိုပါဂျပန်နိုင်ငံ  က နည်းပြနဲ့ကစားသမားများကို မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချူပ်ဥက္ကဋ္ဌ ဦးထွန်းထွန်း နဲ့ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချူပ်မှ တာဝန်ရှိသူများ ကစားသမားများက ကြိုဆိုခဲ့ကြပါတယ်။

မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချူပ်က အခုနှစ်မှာကျင်းပမဲ့ ဖိလစ်ပိုင်ဆီးဂိမ်းမှာ အောင်မြင်မှုရရှိရန်ရည်မှန်းထားပြီး လက်ရှိမှာလည်း ဂျပန်နိုင်ငံ ဟိုကုရှင်းအက်ဆု တက္ကသိုလ်မှာရှိတဲ့ ဂျူဒို ကစားသမား (၁၁)ဦးနဲ့ ပူးတွဲလေ့ကျင့်လျက်ရှိနေပါတယ်။ အခုလာရောက်လေ့ကျင့်တဲ့ ဂျပန်ဂျူဒိုကစားသမား များကလည်း ဂျူဒိုပြိုင်ပွဲများမှာ အောင်မြင်မှုများရရှိထားတဲ့ ကစားသမားများလို့   လည်းသိရပါတယ်။လက်ရှိအချိန်မှာ မြန်မာနိုင်ငံဂျူဒိုလက်ရွေးစင်ကစားသမားများနဲ့ ဂျပန်ဂျူဒိုကစားသမားများကတော့ မြန်မာနိုင်ငံ ဂျူဒိုအဖွဲ့ချူပ်မှာ တစ်နေ့ကိုနှစ်ကြိမ်လေ့ကျင့်နေပြီး နည်းစနစ်အပိုင်းကို ပိုမိုလေ့ကျင့်သင်ကြားနေတယ်လို့ လည်းသိရပါတယ်။ အခုလာရောက်သင်ကြားပေးနေတဲ့ဂျပန်လူမျိုးနည်းပြဖြစ်တဲ့မစ္စတာဖူဂျီတာကတော့မြန်မာနိုင်ငံမှာနည်း   ပြအဖြစ်ဆောင်ရွက်ခဲ့ဖူးတယ်လို့လည်း သိရပြီးတော့ အခုလည်း မြန်မာနိုင်ငံက ဂျူဒိုနည်းပြများနဲ့အတူ မြန်မာဂျူဒိုကစားသမားများနဲ့ ဂျပန်   ဂျူဒိုကစားသမားများကို ပူးတွဲလေ့ကျင့်ပေးနေပါတယ်။

မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချူပ်က ထမနဲထိုးပွဲလည်း ပြုလုပ်ပေးခဲ့ပြီးတော့ အဲ့ဒီပွဲကို မြန်မာဓလေ့ပွဲတော်များကို ဂျပန်နိုင်ငံက ကစားသမားများ သိရှိစေရန် ရည်ရွယ်ပြီးကျင်းပပေးခဲ့တာလည်းဖြစ်ပါတယ်။ထမနဲထိုးပွဲကို မြန်မာလက်ရွေးစင်ဂျူဒိုကစားသမားများနဲ့ ဂျပန်ဂျူဒိုကစားသမားများက ပူးပေါင်းပြီး အောင်မြင်စွာ ကျင်းပနိုင်ခဲ့တာ ဖြစ်ပါတယ်။

 

 

Related News