ပွဲတော်ကာလတွေဆိုရင် တောင်ကိုရီးယားနိုင်ငံက မိသားစုတွေက စားပွဲသောက်ပွဲအတွက် ကိုယ်တိုင်ချက်ပြုတ်ကြလေ့ရှိ ကြပေမဲ့ အခုနောက်ပိုင်းကာလတွေမှာတော့ အသင့်စားနိုင်တဲ့အလွယ်စာတွေကို အသုံးများလာပါတယ်။ တောင်ကိုရီးယားက မိသားစုတွေမှာ အမျိုးသားရော၊ အမျိုးသမီးရောအလုပ်ထွက်လုပ်တဲ့အရေအတွက်များလာလို့ အားလပ် ရက်တွေမှာပြုလုပ်တဲ့ရိုးရာစားပွဲသောက်ပွဲတွေအတွက် အလွယ်တကူစားနိုင်တဲ့အစားအစာတွေကိုပဲ လူတွေက ပိုရွေးလာပါ တယ်။ ရိုးရာစားပွဲသောက်ပွဲတွေအတွက် အစားအစာအမျိုး(၂၀)လောက်လိုပြီး အိမ်ရှင်မတွေအနေနဲ့ ပိုအားထုတ်ရသလို အာရုံ လည်းစိုက်ရပါတယ်။ အဲဒီအိမ်ရှင်မတွေထဲမှာ ချွိုင်အွန်ယွန်းလည်းပါပါတယ်။ ရိုးရာစားပွဲသောက်ပွဲတွေအတွက် ပြင်ဆင်ရတာပင် ပန်းတဲ့အပြင် တောင်ကိုရီးယားမှာ အစားအစာဈေးတော်တော်ကြီးတယ်လို့ သူကပြောပါတယ်။ 

(ရိုးရာစားပွဲသောက်ပွဲတွေမှာသုံးမယ့်အစားအစာတွေဆိုရင် ပန်းသီးတွေနဲ့ သစ်တော်သီးတွေလိုမျိုး လတ်လတ်ဆတ်ဆတ်တွေ ပါရမှာလေနော့။ ဈေးတွေကလည်း ခေါင်ခိုက်နေတာပဲ။ ပြီးတော့ အဲဒါတွေချက်မယ်ဆိုရင် လုပ်ရတာတွေများတော့ အချိန်လည်း ကုန်တယ်။ ကျွန်မဆိုတော်တော်လေးပင်ပန်းတယ်။ တရုတ်နှစ်သစ်ကူးရက်တွေလိုမျိုးရိုးရာပွဲတော်ရက်တွေဆိုရင် တောင်ကိုရီးယားအမျိုးသမီး(၆၀)ရာခိုင်နှုန်းက စားပွဲသောက်ပွဲတွေ ပြင်ရဆင်ရတာနဲ့ အလုပ်ပိုပိနေတယ်လို့ မကြာသေးခင်ကသုတေသနတစ်ခုအရသိရပါတယ်။ အခုတော့ တောင်ကိုရီးယားမှာ ချက်ရပြုတ်ရလို့အလုပ်ပိတာတွေသက်သာအောင်လုပ်နေကြပါတယ်။ ဒီနှစ်မှာ အီလက်ထရောနစ်စနစ်သုံးပြီးလက်လီရောင်းတဲ့ သူတွေနဲ့ ဆိုင်လေးတွေက စားပွဲသောက်ပွဲတွေမှာသုံးဖို့ အမဲသားစတူးနဲ့ အမဲသားမုန်လာဥနီစွပ်ပြုတ်တို့လိုချက်ပြုတ်ပြီးသား အ စားအစာတွေ ၀န်ဆောင်မှုပေးနေပါတယ်။ ကိုယ်တိုင်ချက်တာထက် ဈေးသက်သာလို့ လူကြီးတွေတောင် ချက်ပြီးသားအစားအ စာတွေကို အွန်လိုင်းသုံးပြီးမှာနေကြပါတယ်။ 

(ပွဲတော်ကာလတွေဆိုရင် ချက်ရပြုတ်ရတာတွေများတော့ အမျိုးသမီးတွေက အမြဲတမ်းလိုလိုပဲ ပင်ပန်းကြပါတယ်။ အသင့်စား နိုင်တာတွေဝယ်တော့ အချိန်ကုန်သက်သာတာပေါ့ဗျာ။ ) (၁၉၅၀)နောက်ပိုင်းတွေမတိုင်ခင်ကတော့ တောင်ကိုရီးယား(၇၀)ရာခိုင်နှုန်းက ကျေးလက်နေသူတွေဖြစ်ပြီး ပွဲတော်ကာလတွေအ တွက် စားပွဲသောက်ပွဲတွေကိုယ်တိုင်ပြင်ဆင်ကြလေ့ရှိပါတယ်။ ကိုယ်တိုင်ချက်ပြုတ်တာကြောင့် မိသားစုဝင်တွေကြားသံယောဇဉ် ပိုခိုင်မြဲစေပြီး စီးပွားဖြစ်လုပ်ငန်းတွေရှိလာပေမဲ့ အဲဒီအစဉ်အလာကို ဆက်ထိန်းသိမ်းထားနိုင်ဦးမယ်လို့ တောင်ကိုရီးယားတွေက မျှော်လင့်နေပါတယ်။

 

 

Related News