ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာကျင်းပနေတဲ့ ဂျီနီဗာနိုင်ငံတကာကားပြပွဲမှာ လျှပ်စစ်စွမ်းအင်သုံးကားတွေကအဓိကကျတဲ့နေရာ က ပါဝင်နေပါတယ်။ ဥရောပတိုက်ရဲ့အကြီးဆုံးကားပြပွဲမှာမော်ဒယ်အမျိုးအစား(၁၅၀)ကျော်နဲ့ ကားအစီး(၉၀၀)ကျော်ပထမဆုံး ပြသထားပြီးအမေရိက၊ ဥရောပနဲ့ အာရှတိုက်ကကားကုမ္ပဏီကြီးတွေကခေတ်အမီဆုံးနဲ့ သဘာဝပတ်ဝန်းကျင်နဲ့အကိုက်ညီဆုံး နည်းပညာတွေကိုလည်း နှစ်စဉ်ကားပြပွဲမှာ ပြသနေတာပါ။ တရုတ်နိုင်ငံက လျှပ်စစ်စွမ်းအင်သုံးကားတွေအကြောင်းပြောရာမှာတရုတ်နိုင်ငံကထိပ်တန်းနေရာမှာရှိနေပြီးထုတ်လုပ်ရေးရော၊ လုပ်ငန်းလည်ပတ်ရာမှာရောထိပ်ဆုံးနေရာမှာရှိနေတယ်လို့ တ ရုတ်အစိုးရပိုင်ကားကုမ္ပဏီ(BAIC)ဥက္ကဋ္ဌ ရှူဟီယီကပြောပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်အင်္ဂါနေ့မျာအဲဒီပြပွဲကိုမီဒီယာတွေကိုထုတ် ဖော်ပြသခဲ့ပြီး ကြာသပတေးနေ့မှာလူတွေလာကြည့်နိုင်တာဖြစ်တဲ့အပြင် အခုလ(၁၇)ရက်အထိကျင်းပမှာပါ။

 

 

Related News