(၅)ရက်ကြာနေတဲ့ဗင်နီဇွဲလားက ဓာတ်အားပြတ်တောက်မှုနောက်ပိုင်း ဓာတ်အားပြန်ဖြန့်ဝေရာမှာလည်း နှေးနေလို့ နိုင်ငံသားတွေနေရေး ထိုင်ရေးထိခိုက်နေပါတယ်။ ဗင်နီဇွဲလားနိုင်ငံနေရာအများစုမှာ မတ်လ(၇)ရက်ကစပြီး လျှပ်စစ်ဓာတ်အားပြတ်တောက်မှုတွေဖြစ်နေလို့ ဗင်နီဇွဲလားနိုင်ငံသားတွေဒုက္ခတွေ့ နေပါတယ်။ ဓာတ်အားပြတ်တောက်နေတာ မတ်လ(၁၁)ရက်နဲ့ဆိုရင် (၅)ရက်ရှိနေပြီး အိမ်တချို့မှာချက်ပြုတ်ဖို့ အခက်အခဲတွေ့နေပါတယ်။ မချက်ပြုတ်နိုင်တာ(၃)ရက်ရှိပြီး ရေခဲသေတ္တာထဲမှာသိမ်းစရာမလိုတဲ့ ၀က်ပေါင်ခြောက်၊ တူနာငါး သေတ္တာ၊ ဘီစကစ်၊ အသုပ်နဲ့ ပေါင်မုန့်တွေကို စားနေရတယ်လို့ ဒေသခံ ဆိုလီဒက် ကပြောပါတယ်။  မတ်လ(၁၀)ရက်မှာ ဗင်နီဇွဲ လားနိုင်ငံက ဆိုင်မွန် ဘိုလီဗာနိုင်ငံတကာလေဆိပ်မှာ လျှပ်စစ်ဓာတ်အားတစ်စိတ်တစ်ပိုင်းပြန်ရနေပြီး ရက်ပိုင်းလောက်လေဆိပ် မှာသောင်တင်နေတဲ့ခရီးသည်တချို့က လေကြောင်းလိုင်းတွေနဲ့ ဆွေးနွေးဖို့ ရှိနေတာပါ။ လျှပ်စစ်ဓာတ်အားမတည်ငြိမ်သေးပေမဲ့ လေကြောင်းလိုင်းတချို့က ခရီးသည်တွေကိုစစ်ဆေးပြီး သူတို့အတွက် လေယာဉ်ခရီးစဉ်တွေစီစဉ်ပေးနေပါတယ်။ မြေအောက် ရထားလမ်းနဲ့မီးပွိုင့်တွေပျက်စီးတဲ့အတွက် ယာဉ်ကြောထိန်းချုပ်ရေးစနစ်တွေပျက်ခဲ့ရ ပါတယ်။  ဆက်သွယ်ရေးတာဝါတိုင်တွေ လည်းထိခိုက်ခဲ့လို့ အဆောက်အအုံအတော်များများမှာ ဆက်သွယ်ရေးအချက်ပြချက်မရှိဘဲ လူတွေဖုန်းခေါ်လို့မရနိုင်ဖြစ်နေပါ တယ်။

 

Related News