ဘားအံ့မြို့က ဆဒ္ဒန်ဂူကို သက်တမ်းအရင့်ဆုံးသဘာဝထုံး ကျောက်တောင်အဖြစ် ပထမဆုံးသတ်မှတ်လိုက်တယ်လို့ Myanmar Caving Documentation Project  အဖွဲ့က သိရပါတယ်။Myanmar Caving Documentation Project  ကို တည်ထောင်သူ Dr. Joerg ဟာ ငယ်စဉ်ကတည်းက ထုံးကျောက် ဂူရှာဖွေတာတွေ၊ လေ့လာတာတွေကို ကိုဝါသနာ ပါသူတစ်ဦးလည်းဖြစ်ပါတယ်။ ဒီလို ဂူရှာဖွေလေ့လာတာတွေကို (၂၀၀၈) ခုနှစ်ကစတင်လေ့လာမှုတွေပြုလုပ်တာဖြစ်ပြီး (၂၀၀၈)ခုနှစ်မှ(၂၀၁၉)ခုနှစ်အထိကို တစ်ကမ္ဘာ့လုံးက ဂူပေါင်း(၃၀၀)နီးပါးကို ရှာဖွေလေ့လာခဲ့တယ်လို့သိရပါတယ်။ မြန်မာနိုင်ငံ ဘားအံမြို့မှာရှိတဲ့ ဆဒ္ဒန်ဂူကိုတော့ ပထမဆုံးအကြိမ်အဖြစ် သက်တမ်း အရင့်ဆုံး သဘာဝထုံးကျောက်တောင်အဖြစ် သတ်မှတ်လိုက်တာဖြစ်ပါတယ်။ဒီလို သဘာဝအတိုင်းဖြစ်လာတဲ့ ထုံးကျောက်တောင်တွေကို ထိန်းသိမ်းဖို့နဲ့ အများပြည်သူတွေသိရှိပြီး ဗဟုသုတရရှိစေရန် အတွက် Myanmar Caving Documentation Project အဖွဲ့ကနေ ဂူဆာဗေးတွေကို လုပ်ဆောင်နေတာဖြစ်တယ်လို့ သိရပါတယ်။

ထုံးကျောက်တောင်ဂူတွေကိုလိုက်လံရှာဖွေရာမှာ ဂူအမျိုးအစားပေါ်မူတည်ပြီး ကြိုးခွေ၊အောက်ဆီဂျင်၊ ရေဘူး၊ ဓာတ်မီး ၊ သံလိုက်အိမ်မြှောင်၊ အစရှိတဲ့ ပစ္စည်းတွေကို ယူဆောင်ပြီး ရှာဖွေရတာဖြစ်ပါတယ်။ ဒါ့အပြင်ထုံးကျောက်ဂူ အတိုအရှည်ပေါ်မူတည်ပြီးတော့လည်း လေ့လာရာမှာ  အနည်းဆုံးအချိန်(၁)နာရီမှအများဆုံး အချိန် (၁၂)နာရီထိကြာမြင့် တယ်လို့ သိရပါတယ်။Myanmar Caving Documentation Project အဖွဲ့ကနေ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ မြိတ်ကျွန်းစု အစရှိတဲ့ နေရာ ဒေသတွေမှာ ထုံးကျောက်တောင်တွေကို ရှာဖွေလေ့လာခဲ့တာဖြစ်ပြီး ပထမဆုံးအနေနဲ့  ဆဒ္ဒန်ဂူကို သက်တမ်းအရင့် ဆုံးသဘာဝထုံးကျောက်တောင် အဖြစ်သတ်မှတ်ခဲ့တာဖြစ်ပါတယ်။ဒါ့အပြင် ထုံးကျောက်တောင်တွေကို ကယားပြည်နယ်မှာ ထပ်မံရှာဖွေသွားဦးမယ်လို့ သိရပါတယ်။

 

 

Related News