ခန္ဒာကိုယ်ကျန်းမာရေးကောင်းဖို့အတွက် လေ့ကျင့်မှုတွေ လုပ်ဆောင်ရာမှာ ယောဂကျင့်စဉ်ကလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ယောဂကျင့်စဉ်တွေအမျိုးအစားတွေရှိပေမဲ့ အဲ့ဒီ့ထဲကမှာ ပါဝါယောဂကျင့်စဉ်ကို လုပ်ဆောင်လာသူ များပြားလာသလို ဆရာဖြစ်လုပ်ကိုင်ဖို့ ပြန်လည်သင်ကြားတာတွေ ရှိလာနေပြီဖြစ်တယ်လို့ သိရပါတယ်။ပါဝါယောဂဟာ သာမန်ရိုးရာယောဂနှင့် အနည်းငယ်ကွာခြားပါတယ်။ အေရိုးဗစ်လေ့ကျင့်ခန်းအမျိုးအစားထဲမှာ ပါဝင်ပြီး သမားရိုးကျ လေ့ကျင့် ခန်းများကို ခပ်သွက်သွက်၊ ခပ်မြန်မြန်ပြုလုပ်ရတဲ့ လေ့ကျင့်စဉ်တစ်ခုဖြစ်ပါတယ်။ မခင်ဥမ္မာရွှေကတော့ ပါဝါယောက ကို ကျင့်လာတာ လေးနှစ် ဝန်းကျင်ရှိနေပြီ ဖြစ်တာကြောင့် အခုဆိုရင် Wadi Light ပါဝါယောဂသ သင်တန်းကျောင်းမှာပဲ ဆရာဖြစ်သင်တန်းကို ပြန်လည် တက်ရောက် နေတယ်လို့ မခင်ဥမ္မာထွန်းက ပြောပါတယ်။

ပါဝါယောဂ ကို လေ့ကျင့်တော့မယ်ဆိုရင် တစ်နာရီမှ တစ်နာရီကျော်အချိန်တွင်းလေ့ကျင့်နိုင်တယ်လို့ သိရပါတယ်။ အစားအသောက်ပိုင်း ကလည်း အရေးပါတဲ့ ယောဂကျင့်စဉ်တစ်မျိုးလည်း ဖြစ်ပါတယ်။ ပါဝါယောဂကို လေ့ကျင့်တော့မယ် ဆိုရင်တော့ အသီးအရွက်များများ စားခြင်းနဲ့ ရေသောက်တာတွေကို စနစ်တကျလုပ်ဆောင်ရမှာလည်း ဖြစ်ပါတယ်။ ဒီလိုလေ့ကျင့်လာမယ်ဆိုရင်တော့ သွေးလည်ပတ်မှုကို တက်စေလို့ ခုခံအားစနစ်တွေကို ကောင်းစေတယ်လို့ သိရပါတယ်။ ဒီလို အကျိုးကျေးဇူးတွေရလာတာကြောင့်  အခုဆိုရင် ဆရာဖြစ်သင်တန်း တက်လက်စနဲ့ အိမ်တွေမှာပါ လိုက်လံသင်ကြား ပေးဖြစ်နေတယ်လို့ မခင်ဥမ္မာထွန်းက ပြောပါတယ်။

ပါဝါယောဂလေ့ကျင့်လာတာကြောင့် ခန္ဒာကိုယ်အလေးချိန်ကျလာခြင်း၊ အမောခံနိုင်ခြင်း၊ သန်မာခြင်း၊ အကြောပျော့ခြင်း၊ အဆီကျကာ ကြွက်သားရှိလာခြင်းစတဲ့ အကျိုးကျေးဇူးတွေကို ရရှိစေတယ်လို့ သိရပါတယ်။ ချွေးထွက်များတဲ့ လေ့ကျင့်မှု တစ်ခုဖြစ်တာကြောင့်လည်း ခန္ဒာကိုယ်မှာရှိတဲ့ အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးနိုင်တယ်လို့ သိရပါတယ်။ ဒါ့ကြောင့် သင်တန်းသားအဖြစ် လေ့ကျင့်လိုသူတွေ အပြင် ဆရာဖြစ်ပြန်လည်သင်ကြားသူတွေကိုပါ နိုင်ငံတကာစံနှုန်း တွေအတိုင်း သင်ကြားပေးဖြစ်နေတယ်လို့ ပါဝါယောဂနည်းပြဖြစ်သူ ကိုကျော်စိုးက ပြောပါတယ်။ပါဝါယောဂဟာ စိတ်ဝင်စားစရာအကောင်းဆုံး ယောဂပုံစံဖြစ်ပြီး အမေရိကန်နိုင်ငံက ယောဂဆရာက တီထွင်လိုက်တဲ့ ယောဂကျင့်စဉ်တစ်ခု ဖြစ်တယ်လို့ သိရပါတယ်။ ပါဝါယောဂကျင့်စဉ်ကိုတော့ အသက်အရွယ်ကြီးသူတွေနဲ့ ငယ်ရွယ်သူ တွေပါ လေ့ကျင့်နိုင်တဲ့ ပါဝါယောဂကျင့်စဉ် တစ်ခုဖြစ်တယ်လို့ သိရပါတယ်။

 

 

Related News