သင်္ကြန်ကာလ အတွင်း နေရပ်ပြန်ခရီးသည်တွေအတွက် (YRTA) က YBS ယာဉ်လိုင်းတွေကို ဒဂုံဧရာအဝေးပြေးကားဝင်းကနေစပြီး ဧရာဝတီတိုင်းဒေသကြီးကို အင်အားတိုးချဲ့ပြေးဆွဲပေးသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့(YRTA) မှ တာဝန်ရှိသူက ပြောပါတယ်။

သင်္ကြန်ကာလအတွင်း အောင်မင်္ဂလာအဝေးပြေးကားဝင်းမှာ ရန်ကုန်တိုင်းဒေသကြီးကို အခြေပြုပြီးပြေးဆွဲတဲ့ယာဉ်လိုင်းတွေနဲ့ အခြားတိုင်းဒေသကြီးတွေမှာ အခြေပြုပြီးလာရောက်ပြေးဆွဲပေးတဲ့ ယာဉ်လိုင်းတွေလည်းရှိပါတယ်။အဲ့ဒီယာဉ်လိုင်းတွေဟာ ဧပြီလ(၁၂)ရက်အထိ သာပြေးဆွဲပေးသွားမှာဖြစ်ပြီး ကျန်တဲ့ သင်္ကြန်ကာလတွေမှာတော့ ယာဉ်ပြင်ဆင်တာတွေ ယာဉ်လုပ်သားတွေကို အနားပေးတာတွေလည်းရှိတာကြောင့် အလုံးစုံပြေးဆွဲခြင်း မရှိဘူးလို့သိရပါတယ်။

ဒီလိုအလုံးစုံပြေးဆွဲမှုတွေမရှိတာကြောင့် YBS ယာဉ်လိုင်းတွေကလည်း  ခရီးမိုင်နည်းတဲ့ ဧရာဝတီတိုင်းဒေသကြီးကို တိုးချဲ့ပြေးဆွဲသွားမှာဖြစ်ပါတယ်။ဒီလိုပြေးဆွဲရာမှ တစ်နေ့ကို (၁၄)စီးနဲ့ အင်အား တိုးချဲ့ပြေးဆွဲပေးသွားမယ်လို့သိရပါတယ်။အောင်မင်္ဂလာအဝေးပြေးမှာ YBS ယာဉ် တွေပြေးဆွဲပေးဖို့အဆင်မပြေပေမယ့် နေရပ်ပြန်ခရီးသည်တွေအတွက် မိမိတို့စီးနင်းတဲ့ ယာဉ်လိုင်းတွေ လုံလောက်မှုမရှိပါက ယာဉ်လိုင်းပိုင်ရှင်တွေက အင်အားတိုးချဲ့ပြေးဆွဲပေးဖို့အတွက်လည်းဆောင်ရွက်ပေးထားတယ်လို့သိရပါတယ်။အဝေးပြေးဂိတ်(၂)ခုစလုံးမှာ ဧပြီလ(၁၀)ရက်ကနေ (၁၂)အတွင်း နေရပ်ပြန်ကြမယ့် ခရီးသည်တွေ များပြား တာကြောင့် တိုးဂိတ်တွေမှာ ယာဉ်ကြော ရှင်းလင်းရေးအတွက်လည်း ယာဉ်ထိန်းရဲအင်အားတွေချပြီး ဆောင်ရွက်ပေးနေတယ်လို့သိရပါတယ်။

လက်ရှိ အောင်မင်္ဂလာအဝေးပြေးကားဝင်းမှာ ရန်ကုန်တိုင်းဒေသကြီးကိုအခြေပြုပြေးဆွဲပေးတဲ့ယာဉ်လိုင်းပေါင်း(၁၀၀)ကျော်နဲ့ အခြားတိုင်းဒေသကြီးကိုအခြေပြုပြေးဆွဲပေးတဲ့ယာဉ်လိုင်းတွေနဲ့ပေါင်းရင် ယာဉ်လိုင်းပေါင်း(၂၀၀)ကျော်ရှိတယ်လို့သိရပါတယ်။ဒဂုံဧရာအဝေးပြေးကားဝင်းမှာတော့ ယာဉ်လိုင်းပေါင်း(၁၀၀)ကျော်ရှိတယ်လို့သိရပါတယ်။ အဝေးပြေးယာဉ်လိုင်းတွေအနေနဲ့ သင်္ကြန်ကာလအတွင်းမှာ ယာဉ်လိုင်းအများစုပြေးဆွဲခြင်းမရှိပေမယ့် သင်္ကြန်ကာလပြီးရင်တော့ ပုံမှန်အတိုင်းပြေးဆွဲပေးသွားမယ်လို့သိရပါတယ်။

 

 

Related News