ပြည်တွင်းမှာ (3D)ပန်းချီရေးဆွဲတဲ့ ပညာရှင်တွေနည်းပါးနေသလို (3D)ပန်းချီကားရေးဆွဲမှုကို ပိုမိုစိတ်ဝင်စား တာကြောင့် ပန်းချီဆရာမောင်သက်ဦးကတော့ (3D)ပန်းချီတွေကို အများဆုံးရေးဆွဲဖြစ်ခဲ့တယ်လို့ သိရပါတယ်။ (3D)ပန်းချီဆရာမောင်သက်ဦးဟာ အသက်(၆၅)နှစ်အရွယ်ရှိပြီဖြစ်ပြီး (3D)ပန်းချီကို ရေးဆွဲခဲ့တာကတော့ အချိန်ကာလအားဖြင့်(၉)နှစ်ရှိနေပါပြီ။သူဟာ  သာမန်ပန်းချီကားတွေကို ရေးဆွဲတာနည်းပါးပြီး (3D)ပန်းချီကားရေးဆွဲတာကို ပိုမိုစိတ်ဝင်စားတာကြောင့် ရေးဆွဲခဲ့တာဖြစ်သလို  (3D)ပန်းချီရေးဆွဲတဲ့ ပညာရှင် နည်းပါးတာကြောင့်လည်း ရေးဆွဲဖြစ်ခဲ့တာလို့ပြောပါတယ်။(3D)ပန်းချီက သာမန်ပန်းချီကားတွေလို တစ်ကားထဲရေးဆွဲရတာမျိုးမဟုတ်ဘဲ ပန်းချီကား(၃)ကားရေးဆွဲပြီးမှ (3D) ပန်းချီကားတစ်ကားဖြစ်လာပြီး ဒီလိုရေးဆွဲရာမှာလည်း အခက်အခဲတွေရှိတယ်လို့ပြောပါတယ်။

 (3D)ပန်းချီကားတစ်ကားရေးဆွဲရာမှာ သာမန်ပန်းချီကားတွေရေးဆွဲမှုထက် အနည်းငယ်ခက်ခဲမှု ရှိတယ်လို့သိရပါတယ်။ပန်းချီကား(၃)ကားရေးဆွဲပြီးမှ (3D) ပန်းချီကားတစ်ကားဖြစ်လာတာကြောင့် (3D) ပန်းချီကားတစ်ကားဖြစ်လာဖို့အတွက်  အတွေးခေါ်ပိုင်းကပိုအရေးကြီးအတွက် အချိန်ပိုပေးရတယ်လို့သိရပါတယ်။

ပန်းချီဆရာ မောင်သက်ဦးအနေနဲ့ ပြည်သူတွေကိုအသိပညာပေးတဲ့ ပန်းချီကားတွေအများဆုံးရေးဆွဲဖြစ်ပြီး အခုရေးဆွဲခဲ့တဲ့  ပန်းချီကားကတော့ မူးယစ်ဆေးဝါးသုံးစွဲပါက ခုခံအားကျဆင်းတာတွေဖြစ်ပေါ်လာနိုင်ပြီး  နောက်ဆုံး အသက်ပါဆုံးရှုံးရတာကို အနာဂတ်မျိုးဆက်သစ်လူငယ်တွေကို ပညာပေးတဲ့အနေနဲ့ ရေးဆွဲခဲ့တယ်လို့သိရပါတယ်။

ပန်းချီဆရာ မောင်သက်ဦးဟာ သူရေးဆွဲခဲ့တဲ့ (3D)ပန်းချီကားတွေကို စုစည်းပြီး (၂၀၁၁)ခုနှစ်မှာ တစ်ကိုယ်တော်ပန်းချီပြပွဲကို ရေးဆွဲပြသခဲ့ဖူးသလို (3D)ပန်းချီရေးဆွဲခဲ့တဲ့ (၉)နှစ်တာဝန်းကျင်မှာလည်း သူရေးဆွဲခဲ့တဲ့ပန်းချီကားတွေကို ပြပွဲပေါင်း(၇၀)နီးပါးမှာ ၀င်ရောက်ပြသခဲ့တယ်လို့သိရပါတယ်။ 

 

 

Related News