ပထမအကြိမ် ရှမ်းတိုင်းရင်းသားများ ရိုးရာသင်္ကြန်ပွဲတော် (၂၀၁၉) ကို ဧပြီလ (၁၁) ရက်က မန္တလေးမြို့ ရှမ်း တိုင်းရင်းသား များသာရေးနာရေးအသင်းတိုက်မှာ ကျင်းပခဲ့ပါတယ်။ရှမ်းတိုင်းရင်းသားများ ရိုးရာသင်္ကြန်ပွဲတော်ကို မန္တလေးမြို့ရှိ  ရှမ်းတိုင်းရင်းသားအသင်းအဖွဲ့တွေ၊ ရှမ်းပြည်နယ် က အသင်းအဖွဲ့တွေနဲ့ လူမှုရေးအသင်းအဖွဲ့တွေ ပူးပေါင်းပြီး ကျင်းပတာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီပွဲတော်ကို မန္တလေးမှာရောက်ရှိနေတဲ့ ရှမ်းတိုင်းရင်းသားတွေနဲ့ ရှမ်းတိုင်းရင်းသားအသင်းအဖွဲ့တွေအနေနဲ့ ရှမ်းရိုးရာယဉ်ကျေးမှုသင်္ကြန်ကို ဖော်ထုတ်ပြသပြီး စုစုစည်းစည်း ဆင်နွှဲစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ကျင်းပရတာ ဖြစ်တယ်လို့  ပွဲတော်ဖြစ်မြောက်ရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

 ရှမ်းတိုင်းရင်းသားများ ရိုးရာသင်္ကြန်ပွဲတော်မှာ ဘုရားဆင်းတုတော်တွေကို ရှမ်းရိုးရာဓလေ့အတိုင်း ရေသပ္ပါယ် ခြင်း၊ ရှမ်းနီရိုးရာအရ တည်ထားတဲ့ သဲပုံစေတီတော်ကို ကန်တော့ခြင်းနဲ့  စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ ဒီပွဲ တော်မှာ ရှမ်းတိုင်းရင်းသားသာရေးနာရေးအသင်း(ဟုမ္မလင်း) ၊ ဥရုမြစ်ရိုးသာရေးနာရေးအသင်း၊ ရှမ်းတိုင်းရင်းသားများ စာပေနှင့်ယဉ်ကျေးမှုကော်မတီ၊တက္ကသိုလ်များ(မန္တလေး)၊ ရှမ်းနီလူငယ်အဖွဲ့၊ ရှမ်းနီလူမှုရေးအဖွဲ့နဲ့  မောက်ကွမ်အဖွဲ့တို့က ရှမ်းရိုးရာ ယဉ်ကျေးမှုအဆိုအကတွေနဲ့ ဖျော်ဖြေခဲ့ကြပြီး ရှမ်းရိုးရာ အစားအစာတွေကို စတုဒီသာ ဧည့်ခံကျွေးမွေးခဲ့တယ်လို့ သိရပါတယ်။အခုကျင်းပခဲ့တဲ့ ရှမ်းတိုင်းရင်းသားများ ရိုးရာသင်္ကြန်ပွဲတော်ကို တိုင်းဒေသ ကြီး အမျိုးသမီးကော်မတီဝင်များ၊ ရှမ်းတိုင်းရင်းသားအသင်းအဖွဲ့များမှ တာဝန်ရှိသူများနဲ့  ရှမ်တိုင်းရင်းသား၊ တိုင်းရင်းသူများတက်ရောက်ခဲ့ကြပါတယ်။

 

 

Related News