ပြည်တွင်းဖြစ်ပြုလုပ်တဲ့ ဟန်းမိတ်ပစ္စည်းများကို ကမ္ဘာလှည့်ခရီးသွားများ စိတ်ဝင်စားမှုများပြားလာတယ်လို့ ဟန်းမိတ်လုပ်ငန်းကိုတစ်ပိုင်တစ်နိုင်လုပ်ကိုင်နေတဲ့  မစုငယ်ဦးကပြောပါတယ်။ ပြည်တွင်းမှာ ဟန်းမိတ်ပြုလုပ်သူတွေထဲမှာ မစုငယ်ဦးတစ်ဦးလည်း အပါအ၀င်ဖြစ်ပါတယ်။သူမဟာ ဟန်းမိတ် ပြုလုပ်တဲ့ ပညာကို (၂၀၁၇)ခုနှစ်မှစတင်ပြီး အပျော်တမ်းသင်ယူခဲ့ရာမှ သင်ယူနေရင်းစိတ်ဝင်စားမှုရှိလာပြီး  အခုလို ဈေးကွက်ထဲထိဝင်ရောက်လာကာ တစ်ပိုင် တစ်နိုင်စီးပွားရေးအဖြစ် လုပ်ကိုင်လာတာဖြစ်တယ် လို့သိရပါတယ်။ ပြည်တွင်းမှာ မြန်မာ့လက်မှုပညာများ မပျောက်ပျက်စေဖို့၊ ဈေးနှုန်းသင့်တင့်တဲ့ ပြည်တွင်းဖြစ်ပစ္စည်းတွေကို အများပြည်သူတွေအသုံးပြုနိုင်စေဖို့အပြင် ကမ္ဘာလှည့်ခရီးသွားတွေအနေနဲ့ ပြည်တွင်းဖြစ်ပြုလုပ်တဲ့ ဟန်းမိတ်ပစ္စည်းတွေကို စိတ်ဝင်စားမှုများပြားလာစေဖို့  ရည်ရွယ်ပြီး ပြုလုပ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

ဟန်းမိတ်ပစ္စည်းအမျိုးအစားများစွာရှိပေမယ့် မစုငယ်ဦးကတော့ ချည်နဲ့ပြုလုပ်တဲ့ ဟန်းမိတ် တစ်မျိုးကိုသာ ပြုလုပ်တာဖြစ်တယ်လို့သိရပါတယ်။ဟန်းမိတ်ပြုလုပ်ရာမှာ ကပ်ထူစက္ကူ၊ ဇစ်၊ အလှကြယ်သီး၊ ကော်အစရှိတာတွေလိုအပ်တာဖြစ်ပြီး အဓိကကုန်ကြမ်းဖြစ်တဲ့ ချည်ထည်ကိုတော့ တောင်ကြီးမြို့ကနေမှာ ယူတယ်လို့သိရပါတယ်။အခုလို ဟန်းမိတ်ပညာကိုပြုလုပ်ရာမှာ စိတ်ဝင်စားမှုရှိတာကြောင့် သူမအနေနဲ့အခက်အခဲမရှိဘူးလို့  မစုငယ်ဦးကပြောပါတယ်။

မစုငယ်ဦးပြုလုပ်ထားတဲ့ ဟန်းမိတ်ပစ္စည်းတွေကတော့ လက်ကိုင်အိတ်၊ အမျိုးသမီးစီးဖိနပ်၊အမျိုးသားစီးဖိနပ်၊ ထမင်းချိုင့်အိတ်၊ အမျိုးသမီးဘေးလွယ်အိတ်၊ ကျောပိုးအိတ်၊ထမီ၊ဘောင်းဘီ၊ ခေါင်းစည်းကြိုး၊ အစရှိတဲ့ ပစ္စည်းတွေဖြစ်ပြီး အနည်းဆုံးငွေကျပ်(၅၀၀)မှ အများဆုံးငွေကျပ် (၄၀၀၀)ထိဖြစ်တယ်လို့သိရပါတယ်။  အခုလို တစ်နိုင်တစ်ပိုင်စီးပွားရေးဖြစ်ပေမယ့် သူမပြုလုပ်ဟန်းမိတ်ပစ္စည်းတွေကိုတော့ ရန်ကုန်အပြင် ပုဂံမှာပါ ရောင်းချနေရတယ်လို့သိရပါတယ်။

 

 

Related News