သင်္ကြန်ကာလ အပြီးရက်ပိုင်းတွေမှာ  အဝေးပြေးကုန်ကားတွေ နယ်စုံမှမထွက်နိုင်သေးဘဲ တစ်ချို့ဂိတ်တွေအနေနဲ့ ဧပြီလ (၂၀)ရက်အထိ ပြန်မဖွင့်သေးတာတွေရှိနေသေးတယ်လို့သိရပါတယ်။ အဝေးကုန်စည်ပို့ဆောင်ရေးကားဂိတ်တွေက အလုပ်သမားတွေ သင်္ကြန်ကာလအတွင်း နယ်ပြန်ကြတဲ့အတွက် ဂိတ်တွေမှာလုပ်ငန်းပြန်စဖို့လုပ်သားမရှိတာကြောင့် မဖွင့်သေးတာတွေရှိတယ်လို့ သိရပါတယ်။ ကုန်ကားတွေကလည်း ယာဉ်မောင်းတွေနယ်ပြန်သွားတာကြောင့် ကုန်ကားတွေအကုန်မထွက်နိုင်သေးဘူးလို့ သိရပါတယ်။ လက်ရှိမှာတော့ ကြက်သွန်နီ၊အာလူးစတဲ့မီးဖိုချောင်သုံးပစ္စည်းတွေသာအများဆုံး ပို့ဆောင်နေရတယ်လို့ သိရပါတယ်။ အခုလာမယ့်တနင်္လာနေ့မှ ပုံမှန်အတိုင်းပြန်ထွက်နိုင်မှာဖြစ်တယ်လို့ မြန်မာနိုင်ငံအဝေးပြေး ကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းရှင်များ အသင်းမှသိရပါတယ်။

ယခုနှစ်သင်္ကြန်နားနီးကပ်ချိန်မှာ အဝေးပြေးကုန်စည်ပို့ဆောင်မှုဟာ ပုံမှန်အချိန်ထက်အနည်းငယ်သာ ပိုမိုကောင်းလာခဲ့ပြီး လက်ရှိသင်္ကြန်ကာလပြီးချိန်မှာလည်း သင်္ကြန်ကာလမတိုင်မီအခြေအနေအတိုင်းသာရှိနေ တယ်လို့သိရပါတယ်။ လက်ရှိတန်ဆာခဈေးနှုန်းတွေဟာလည်း  သင်္ကြန်ကာလမတိုင်မီဈေးနှုန်းတွေ အတိုင်းသာရှိ နေတယ်လို့သိရပါတယ်။ တရုတ်ကို တင်ပို့နေတဲ့ ပြောင်းနဲ့သကြားတွေဟာ မတင်ပို့ရတော့တာကြောင့် ဘားအံ၊ မြ၀တီမှတစ်ဆင့် ထိုင်းနယ်စပ်ကို ပြောင်းတွေအများ အပြားတင်ပို့နေရပြီး ဘားအံ၊ မြ၀တီတွဲကား တန်ဆာခတွေတော့ ဈေးကောင်းနေတယ်လို့ သိရပါတယ်။ တန်ဆာခတွေအနေနဲ့ မန္တလေးကို တစ်တန် ငွေကျပ်(၂၈၀၀၀)၊ မော်လမြိုင်၊ ဘားအံအတွက် တစ်တန်ကို ငွေကျပ် (၂၅၀၀၀)၊ ပုသိမ်ကို တစ်တန်ငွေကျပ် (၁၅၀၀၀)၊မကွေးကို တစ်တန် ငွေကျပ် (၃၅၀၀၀)၊တောင်ကြီးကို တစ်တန် ငွေကျပ် (၄၂၀၀၀)ပေါက်ဈေး ရှိနေတယ်လို့ သိရပါတယ်။
 

 

Related News