သင်္ကြန်ကာလအပြီး အဝေးပြေးယာဉ်လိုင်းတွေ မြန်မာနှစ်ဆန်းနှစ်ရက်နေ့ကစလို့ ပြန်လည်ပြေးဆွဲပေးနေတယ်လို့ သိရပါတယ်။ သင်္ကြန်ကာလအပြီး နယ်ကနေ ရန်ကုန်ကိုပြန်လာမယ့် ခရီးသည်တွေအတွက် အဝေးပြေးယာဉ်လိုင်း လက်မှတ်တွေကို မြန်မာနှစ်ဆန်း  တစ်ရက်နေ့ကနေ ပြန်လည်ရောင်းချပေးနေပါတယ်။ အဲဒီလိုရောင်းချပေးနေပေမယ့် မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ ယာဉ်အစီးရေအနည်းငယ် သာ ပြေးဆွဲပေးခဲ့ပြီး မြန်မာနှစ်ဆန်းနှစ်ရက်နေ့ကနေစလို့ ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲပေးနေပါတယ်။ အဲဒီလိုပြေးဆွဲပေးရာမှာ ခရီးသည်ဦးရေ မလုံလောက်မှာစိုးတာကြောင့် ယာဉ်စီးရေတွေကို တိုးချဲ့ပြေးဆွဲပေးနေတယ်လို့ သိရပါတယ်။ နယ်ကနေရန်ကုန်ပြန်လာတဲ့ ခရီးသည်အများစု အနေနဲ့ မြန်မာနှစ်ဆန်းနှစ်ရက်နေ့မှာ ပြန်လာကြတာများပြီး အခုလက်ရှိမှာတော့ ခရီးစဉ်တော်တော်များများမှာ လက်မှတ်တွေဝယ်ယူမှုတွေရှိနေ တယ်လို့ ဇေယျာရွှေပြည်အဆင့်မြင့်ခရီးသည်ပို့ဆောင်ရေးက အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်က ပြောပါတယ်။

အဝေးပြေးယာဉ်လိုင်းတွေအနေနဲ့ ရန်ကုန်ကနေ နယ်ပြန်မယ့် ခရီးသည်တွေအတွက် သင်္ကြန်အကြိုနေ့အထိ ပြေးဆွဲပေးခဲ့ပြီး သင်္ကြန်ကာလ အတွင်း ယာဉ်စီးရေတွေကိုလည်း တိုးချဲ့ပြေးဆွဲပေးခဲ့တယ်လို့ သိရပါတယ်။ အခုသင်္ကြန်ကာလအပြီးမှာတော့ ရန်ကုန်-မန္တလေးခရီးစဥ ၊ ရန်ကုန်-တောင်ငူခရီးစဉ်၊ ရန်ကုန်-ပြင်ဦးလွင်ခရီးစဉ်၊ ရန်ကုန်-ရေနီခရီးစဉ်အပြင် တခြားခရီးစဉ်တွေအတွက် လက်မှတ်တွေပုံမှန်အတိုင်း ၀ယ်ယူနိုင် တယ်လို့ သိရပါတယ်။ အခုလက်ရှိမှာ အဝေးပြေးယာဉ်လိုင်းတွေ အဓိကအသုံးပြုပြေးဆွဲနေတဲ့ ဒီဇယ်ဆီတွေဈေးတွေ မြင့်တက်လာပေမယ့် လက်မှတ်ဈေးနှုန်းတွေကိုလည်း ဈေးမြင့်တက်မှုမရှိပဲ ပုံမှန်ဈေးအတိုင်း ရောင်းချနေတယ်လို့ ရွှေကျွန်းသစ်အဆင့်မြင့်ခရီးသည်ပို့ဆောင်ရေးက ပိုင်ရှင်ကိုဇေယျာလင်းက ပြောပါတယ်။အခုသင်္ကြန်ကာလအပြီး အဝေးပြေးယာဉ်လိုင်းတွေအနေနဲ့ ခရီးသည်ရရှိမှုနည်းပါးနေပေမယ့် အခေါက်ရေပြည့်အောင် ပြေးဆွဲပေးနေတယ်လို့ သိရပါတယ်။ အဝေးပြေးယာဉ်လိုင်းတွေအနေနဲ့ တစ်နှစ်ပတ်လုံးမှာ သီတင်းကျွတ်ကာလ၊ သင်္ကြန်ကာလတွေဟာ လက်မှတ်အများဆုးံ ရောင်းချ ရပြီး ကျောင်းဖွင့်ရာသီမတိုင်မီကာလတွေမှာလည်း လက်မှတ်တွေ ရောင်းချရတယ်လို့ သိရပါတယ်။

 

 

 

Related News