မြန်မာနိုင်ငံမှာ ထာဝရငြိမ်းချမ်းရေးရရှိရန်၊ ထေရ၀ါဒ ဗုဒ္ဓသာသနာ အဓွန့်ရှည်ထွန်းကားပြန့်ပွားစေရန်နှင့် ခုနှစ်ရက်သားသမီးများ ဖူးမြော်ပူဇော်နိုင်ရန်ရည်မှန်းပြီး နေပြည်တော်တွင် ထာဝရငြိမ်းချမ်းရေးစေတီတော်ကို တည်ထားလျက်ရှိပြီး  စေတီတော်တွင် ကိန်းဝပ်စံပယ်တော်မူမည့် စကျင်ဗုဒ္ဓရုပ်ပွားတော်များ၊ ရွှေထီးတော်၊ ရွှေငှက်မြတ်နားတော်နှင့် ရတနာစိန်ဖူးတော်များကို တိုင်းဒေသကြီးနှင့်ပြည်နယ် (၁၁)ခုမှာ ဒေသစာရီလှည့်လည် အပူဇော်ခံကြွချီနေတာဖြစ်ပြီး ဒီနေ့ မေလ(၁၂)ရက်မှာတော့ လွိုင်ကော်မြို့ကို ရောက်ရှိမှာဖြစ်တယ်လို့ သိရပါတယ်။

ဒေသစာရီကြွချီခဲ့တဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကတော့
 ဧပြီလ (၁၉)ရက်မှာ ကျိုက်ထီးရိုး 
ဧပြီလ (၂၀)ရက်မှာ မော်လမြိုင်မြို့
ဧပြီလ (၂၁)ရက်မှာ ထားဝယ်မြို့
ဧပြီလ (၂၂)ရက်မှာ ဘားအံမြို့
ဧပြီလ (၂၃)ရက်မှာ သထုံမြို့
ဧပြီလ (၂၄)ရက်မှာ ပဲခူးမြို့
ဧပြီလ (၂၅)ရက်မှာ ပုသိမ်မြို့
ဧပြီလ (၂၆)ရက်မှာ ဟင်္သာတမြို့
ဧပြီလ (၂၇)ရက်မှာ ပြည်မြို့
ဧပြီလ(၂၈)ရက်မှာ မကွေးမြို့
ဧပြီလ (၂၉)ရက်မှာ ပုဂံမြို့
မေလ (၁)ရက်မှာ မုံရွာမြို့
မေလ (၃)ရက်မှာ မန္တလေးမြို့
မေလ (၇)ရက်မှာ ကျောက်ဆည်မြို့
မေလ (၈)ရက်မှာ သဲတောမြို့နှင့်ဝမ်းတွင်းမြို့
မေလ (၉)ရက်မှာ တောင်ကြီးမြို့ တို့ ဖြစ်ပြီး ထာဝရငြိမ်းချမ်းရေးစေတီတော် တည်ထားကိုးကွယ်ရေးနဲ့ ငြိမ်းချမ်းရေးတရားတော်များလည်း ဟောကြားခဲ့တယ်လို့ သိရပါတယ်။ 

 

Related News