iMyanmarHouse.com မှ ကြီးမှူးကျင်းပတဲ့ (၁၁)ကြိမ်မြောက် မြန်မာနိုင်ငံ၏အိမ်ခြံမြေအရောင်းပြပွဲကြီးကို မေလ(၁၀)ရက်ကနေ မေလ(၁၂)ရက် အထိ တပ်မတော်ခန်းမမှာ ကျင်းပပြုလုပ်နေတာဖြစ်ပါတယ်။ 

ယခုပြုလုပ်နေတဲ့ (၁၁)ကြိမ်မြာက် အိမ်ခြံမြေအရောင်းပြပွဲမှာ မန္တလေး၊ ရန်ကုန်၊ တောင်ကြီး နဲ့ ပုသိမ်မြို့များရှိ ကျပ်သိန်း (၂၀၀)ကျော်မှ စတဲ့ တိုက်ခန်းများ၊ ကျပ်သိန်း (၅၀၀)ကျော်မှ ကျပ်သိန်း (၅၀၀၀)ကျော်အထိ ကွန်ဒိုများကို အရစ်ကျစနစ်များ၊ အထူးလျှော့ဈေးများ၊ ဘဏ် ချေးငွေများဖြင့် ၀ယ်ယူရရှိနိုင်အောင် စီစဉ်ထားတယ်လို့သိရပါတယ်။ ဒါ့အပြင် ပြပွဲ(၃)ရက်အတွင်းမှာ အများပြည်သူတွေအနေနဲ့ အိမ်၊ ခြံ၊ မြေ ၀ယ်ယူတဲ့အခါရောင်းမှားဝယ်မှားမဖြစ်ရအောင် အိမ်ခြံမြေအကြောင်းသိကောင်းစရာ ဟောပြောပွဲတွေကိုလည်း ထည့်သွင်းပေးထားတယ်လို့ သိရပါတယ်။

ပြပွဲ (၃) ရက်အတွင်းမှာ ပါဝင်ရောင်းချတဲ့ ကုမ္ပဏီ (၅၀) ကျော်ရှိပြီး သက်သာတဲ့  နှုန်းထားတွေနဲ့ အများပြည်သူဝယ်ယူနိုင်မယ့် အရစ်ကျစနစ်ကို ထည့်သွင်းရောင်းချမှုတွေလည်းပါဝင်တယ်လို့ သိရပါတယ်။ ပြပွဲအတွင်းရောင်းချနေတဲ့ အိမ်ရာတွေကို အရစ်ကျဝယ်ယူနိုင်ဖို့အတွက် ကမ္ဘောဇဘဏ်၊ ရိုးမဘဏ်တို့နဲ့ ချိတ်ဆက်ဝယ်ယူနိုင်မှာဖြစ်တယ်လို့သိရပါတယ်။ 

လက်ရှိ ရန်ကုန်မြို့တွင်း လူဦးရေထူထပ်တဲ့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ ဗဟန်း စတဲ့မြို့နယ်တွေက အိမ်ရာတွေကို အရောင်း၊ အ၀ယ်များနေပြီး အိမ်အငှားပိုင်းအနေနဲ့တော့ ရန်ကုန်မြို့ DownTown (၆)မြို့နယ်မှာ အငှားများနေတယ်လို့ သိရပါတယ်။ မြေကွက်အနေနဲ့ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ လှိုင်သာယာ အစရှိတဲ့ မြို့နယ်တွေက မြေကွက်တွေ အရောင်း၊ အ၀ယ်ဖြစ်နေတယ်လို့ သိရပါတယ်။

 

Related News