နှစ်ပေါင်းများစွာ မြန်မာ့ပန်းချီလောကမှာ ပန်းချီရေးဆွဲနေတဲ့ ပန်းချီဦးလွန်းကြွယ်တို့ မိသားစုအနေနဲ့ လက်ရှိမှာ ရွှေပေါက်က္ကံမြို့နယ် (၁၇)ရပ်ကွက်မှာ နေထိုင်ပြီး Artist Life Art Gallery ကို ဖွင့်လှစ်ထားပြီး ပန်းချီရေးဆွဲတာကို သားစဉ်မြေးဆက် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ မြန်မာ့ပန်းချီလောကမှာသာမက နိုင်ငံတကာထိအောင်မြင်မှုရနေတဲ့ ပန်းချီဆရာဦးလွန်းကြွယ်အနေနဲ့ လက်ရှိမှာ အသက်(၈၉)နှစ်ရှိနေပြီဖြစ်ပြီး  သားစဉ်မြေးဆက် ပန်းချီပညာကို လက်ဆင့်ကမ်းနိုင်ခဲ့သလို လက်ရှိမှာလည်း ရွှေပေါက်က္ကံမြို့နယ် (၁၇)ရပ်ကွက်မှာ ဖွင့်လှစ်ထားတဲ့ Artist Life Art Gallery ကို အောင်မြင်မှုတွေရရှိအောင် ဆောင်ရွက်စေတယ်လို့ ပန်းချီဦးလွန်းကြွယ်က ပြောပါတယ်။ လက်ရှိမှာ ကျန်းမာရေး အခြေအနေ ကြောင့် ပန်းချီဆွဲဖို့ ခက်ခဲနေပေမဲ့ နိုင်ငံတကာပန်းချီပြပွဲတွေ လုပ်ဆောင်ဖို့တော့ရှိတယ်လို့ ပန်းချီဦးလွန်းကြွယ်က ပြောပါတယ်။ပန်းချီဦးလွန်းကြွယ်တို့ မိသားစုမှာ မိသားစုဝင်(၆)ဦးရှိပြီး ဇနီးအပါအဝင် အငယ်ဆုံးမြေးအထိ ပန်းချီပညာကို လက်ဆင့်ကမ်းနိုင်ခဲ့သလို မြေး(၂)ဦးစလုံး ပန်းချီပညာကို စင်္ကာပူနိုင်ငံမှာ သွားရောက်သင်ကြားခွင့်ရတာကြောင့် သူ့ဆန္ဒတွေပြည့်ဝရတယ်လို့ ပန်းချီဦးလွန်းကြွယ်က ပြောပါတယ်။

ဆရာကြီးအနေနဲ့ ငယ်စဉ်ကျောင်းသားဘဝကတည်းက ပန်းချီပညာကို ရေးဆွဲခဲ့ပြီး အခု အသက်ကိုးဆယ်နားရောက်ခါနီးအထိ ရေးဆွဲခဲ့ပါတယ်။ ဆရာကြီးရဲ့ ပန်းချီလက်ရာတွေကို ထိန်းသိမ်းပြီး ပြပွဲတွေလုပ်ပေးသွားဖို့ရှိတယ်လို့ သားဖြစ်သူ ဦးလွန်းသစ်က ပြောပါတယ်။ဆရာကြီးအနေနဲ့ကလည်း တရုတ်နိုင်ငံ၊ အမေရိကန်နိုင်ငံ၊ ဂျာမနီနဲ့ စင်္ကာပူအစရှိတဲ့နိုင်ငံတွေမှာ ပညာသင်ကြားခွင့်တွေရရှိခဲ့တာကြောင့် နိုင်ငံတကာက ရိုးရာပန်းချီပညာတွေနဲ့ ပန်းချီတွေကို ပြုပြင်ထိန်းသိမ်းတဲ့ ပညာတွေကို ရရှိခဲ့ပါတယ်။ ဒီလိုသင်ကြားခွင့်ရရှိတဲ့ ပညာတွေကို သားစဉ်မြေးဆက် လက်ဆင့်ကမ်းပေးနိုင်ခဲ့တာကြောင့် အမြဲဂုဏ်ယူနေတယ်လို့ ပန်းချီဦးလွန်းကြွယ်က ပြောပါတယ်။ဆရာကြီးအနေနဲ့ လက်ရှိမှာတော့ ကျန်းမာရေးမကောင်းမွန်သေးတာကြောင့် ပန်းချီကို မရေးဆွဲနိုင်သေးပေမဲ့ ပန်းချီပညာကိုတော့ လေ့လာဖြစ်နေသလို သူဖွင့်လှစ်ထားတဲ့ Artist Life Art Gallery ကို ဒီ့ထက်ပိုမိုအောင်မြင်စေဖို့ ဆန္ဒတွေရှိနေတယ်လို့ သိရပါတယ်။

 

 

Related News