သရဖူမဂ္ဂဇင်းကဦးစီးပြီး အမေများနေ့ကိုဂုဏ်ပြုတဲ့အနေနဲ့ တစ်ကိုယ်တော်မိခင် single motherတွေအတွက် ဟောပြောပွဲကို မေလ (၁၂) ရက်က ရန်ကုန်မြို့ တော်ဝင်စင်တာမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။မေလ(၁၂)ရက်မှာ ကျရောက်တဲ့ အမေများနေ့မှာ တစ်ကိုယ်တော်မိခင် (single mother )တွေအတွက် စိတ်ဓာတ်ခွန်အား ပေးနိုင်ဖို့၊ single motherတွေရဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ပြန်လည်မျှဝေပေးနိုင်ဖို့ ရည်ရွယ်ပြီး ပြုလုပ်ခဲ့တာဖြစ်ပါတယ်။အခုပြုလုပ်ခဲ့တဲ့ ဟောပြောပွဲမှာတော့ သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး ဒေါက်တာစိုးလွင်၊ စာရေးဆရာမ ရွှေကူမေနှင်း၊ မွန်ဟော်စီ၊ နဲ့ အဆိုတော်အေသင်ချိုဆွေတို့က single motherတွေရဲ့ အခက်အခဲပြဿနာအကြောင်းအရာတွေ၊ သားဆက်ခြားနည်းတွေရဲ့ အကြောင်းအရာ တွေအပြင် single mother ဘဝနဲ့ ဘဝကိုရဲဝင့်စွာ ကျော်ဖြတ်နိုင်မယ့် အကြောင်းအရာတွေကို ဟောပြောပေးခဲ့တာ ဖြစ်ပါတယ်။အခမ်းအနားမှာတော့ ဟောပြောမှုတွေအပြင် စာရေးဆရာများရဲ့ စာအုပ်တွေကို အမှတ်တရ လက်မှတ်ရေးထိုးခြင်းနဲ့ လူသုံးကုန်ပစ္စည်းများ ကိုလည်း ရောင်းချခဲ့တယ်လို့ သိရပါတယ်။ မေလ (၁၂)ရက်မှာ ကျရောက်တဲ့ အမေများနေ့ အထိမ်းအမှတ်ပွဲကို ရန်ကုန်အပြင် တခြားပြည်နယ် နဲ့ တိုင်းဒေသကြီအသီးသီးမှာပါ ကျင်းပခဲ့တယ်လို့ သိရပါတယ်။ 

 

 

Related News