Wonder Fest 2019 Back To School ပွဲတော်ကို  ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှာ မေလ(၁၇)ရက်မှ (၁၉)ရက်အထိ(၃)ရက်ကြာ ကျင်းပပြုလုပ် သွားမယ်လို့ သိရပါတယ်။ Wonder Fest 2019 Back To School ကို ကလေးငယ်တွေအနေနဲ့ နွေရာသီကျောင်းပိတ်ရက်နဲ့ တိုက်ဆိုင်သလို ရန်ကုန်တိရစ္ဆာန် ဥယျာဉ်ကို စိတ်ဝင်စားမှုပိုမိုတိုးလာစေဖို့ရည်ရွယ်ပြီးကျင်းပသွားမှာဖြစ်ပါတယ်။ ဒီပွဲတော်မှာ ကျောင်းသုံးရုံးသုံးပစ္စည်းများ၊ကျောင်းသုံးဗလာ စာအုပ်များ ၊ ကျောင်းဝတ်စုံများ ၊ မျက်လှည့်ပြကွက်များ ၊ မိသားစုနှင့်ကလေးများအတွက် ပျော်ပွဲ ရွှင်ပွဲများ ၊ တိရစ္ဆာန်လေးတွေရဲ့ ပြကွက်များ ပါဝင်ပြသ သွားမှာ ဖြစ်သလို ကံစမ်းမဲအစီအစဉ်များ၊ အစားအသောက်များနှင့် အခြားသောလူသုံးကုန်ပစ္စည်းများကို ရောင်းချသွားမယ်လို့ သိရပါတယ်။ ဒါ့အပြင် ပွဲတော်ရက်တွေမှာလည်း နိုင်ငံကျော်အဆိုတော်တွေရဲ့ ဖျော်ဖြေမှုတွေလည်း ထည့်သွင်းကျင်းပသွားမှာဖြစ်ပြီး မနက်(၉)နာရီကနေ ညနေ(၅)နာရီအထိ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။

Wonder Fest 2019 Back To School ပွဲတော်ကို Zero Group Management နဲ့ Emily Management  တို့မှ ပူးပေါင်း ပြုလုပ်သွားမှာဖြစ်ပြီး ဒီပွဲတော်မှာ ဈေးဆိုင်ခန်းပေါင်း (၆၀)ကျော် လာရောက်ရောင်းချသွားမှာဖြစ်တယ်လို့ သိရပါတယ်။အခုကျင်းပသွားမယ့် Wonder Fest 2019 Back To School ပွဲတော်ကို ဒုတိယအကြိမ်ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး လူဦးရေ(၁)သိန်းခန့် လာရောက်မယ်လို့ ခန့်မှန်းထားဖြစ်ပါတယ်။
 

 

 

Related News