Sonne Social Organization နဲ့ သူ၇ိယအလင်းတို့ပုးပေါင်းဖွင့်လှစ်ထားတဲ့ Day care center ကတော့ လမ်းပေါ်က ကလေးငယ်တွေကို ပညာသင်ကြားပေးနေတာဖြစ်ပါတယ်။ ဒီစင်တာမှာတော့ လမ်းပေါ်က အမှိုက်ကောက်တဲ့ ကလေးငယ်တွေ မိဘက ဆင်းရဲချို့တဲ့လို့ ပညာမသင်ကြားနိုင်တဲ့ကလေးငယ်တွေကို ပညာသင်စောင့်ရှောက်ပေးနေတာဖြစ်ပါတယ်။ နေ့စဉ် တနင်္လာနေ့မှ သောကြာနေ့ထိ စင်တာကို ဖွင့်လှစ်ထားပြီး စင်တာမှ မနက်စာ နေ့လည်စာတွေ ကျွေးမွေးတဲ့အပြင် စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာတိုးတက်မှုတွေကို သင်ကြားပေးနေတယ်လို့ စီမံကိန်းတာဝန်ခံကိုငြိမ်းအေးက ပြောပါတယ်။

ဒီစင်တာဟာ ကလေးငယ်ငါးဆယ်ဝန်းကျင်ကို နေ့စဉ်စောင့်ရှောက်မှုတွေပေးနေပြီး ကလေးငယ်တွေဟာ လမ်းပေါ်မှာနေတာထက် အခုလို ကလေးသူငယ်စောင့်ရှောက်ရေးစင်တာတွေမှာရှိနေတာက ကလေးငယ်တွေရဲ့ အနာဂတ်ကို ပိုမိုကောင်းမွန်စေတယ်လို့ ကလေးသူငယ် စောင့်ရှောက်ရေးစင်တာမှ သင်ကြားရေးပိုင်းဆောင်ရွက်နေတဲ့ ဆရာမ မဥမ္မာထွန်းနဲ့ သဉ္ဇာထွန်းက အခုလိုပြောပါတယ်။ကလေးတွေအနေနဲ့လည်း ဒီစင်တာမှာ ပညာသင်ကြားရတာ အဆင်ပြေမှုရှိတယ်လို့ ကလေးသူငယ်စောင့်ရှောက်ရေးစင်တာမှာ ပညာသင်ကြားနေတဲ့ မောင်ကိုကိုချစ်က ပြောပါတယ်။Sonne Social Organization အနေနဲ့ ကလေးသူငယ်စောင့်ရှောက်ရေးစင်တာအပြင် လူငယ်တွေကို အသက်မွေးဝမ်းကျောင်းလုပ်ငန်းဖြစ်တဲ့ ကြိမ်ထိုးခြင်းလုပ်ငန်း စက်ချုပ်လုပ်ငန်းနဲ့ ရွေ့လျားစာသင်ကြားမှုလုပ်ငန်းတွေကို ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

 

Related News