အေးဒိစ်လို့ခေါ်တဲ့ ခြင်ကျားကိုက်ခံရခြင်းကြောင့် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားနိုင်သလို ဆင်တုပ်ကွေး ရောဂါပါဖြစ်ပွားနိုင်တယ်လို့ သိရပါတယ်။ ဆင်တုပ်ကွေးရောဂါရဲ့လက္ခဏာတွေကတော့ ဖျားခြင်းနဲ့ အဆစ်အမြစ်ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားနာကျင်ခြင်း၊ အနီအစက်များ ခန္ဓာကိုယ်နေရာအနှံ့ထွက်ရှိခြင်းအစရှိတာတွေဖြစ်ပြီး နောက်ဆက်တွဲအနေနဲ့ သွေးလွန်တုပ်ကွေးရောဂါလိုသေဆုံးသည်အထိမဖြစ်ဘဲ  အပြင်းဖျားခြင်း၊ ပြင်းထန်စွာခေါင်းကိုက်ခြင်း၊ ဆိုးရွားစွာအရိုးအဆစ်ကိုက်ခြင်း၊ ရောင်ရမ်းခြင်းတွေဖြစ်စေတယ်လို့ သိရပါတယ်။ဒီရောဂါဟာ ကလေးငယ်တွေနဲ့ အသက်(၆၅)နှစ်အထက်လူကြီးပိုင်းတွေ၊ ဆီးချို၊သွေးတိုး၊ နှလုံးရောဂါရှိတဲ့ သူတွေမှာဖြစ်တယ်လို့ သိရပါတယ်။ ဆင်တုပ်ကွေးရောဂါဟာ ရာသီမရွေးဖြစ်နိုင်ပေမယ့် မိုးဦးနဲ့ မိုးနှောင်းကာလမှာ အဖြစ်များတယ်လို့သိရပါတယ်။ ဆင်တုပ်ကွေးရောဂါဟာ သွေးလွန်တုပ်ကွေးရောဂါလောက် မစိုးရိမ်ရပေမယ့်   ဂရုတစိုက်နေထိုင်ဖို့ လိုအပ်တယ်လို့ သိရပါတယ်။ အေးဒိစ်လို့ခေါ်တဲ့ ခြင်းကျားက ရောဂါပိုးတွေ သယ်ဆောင်လာတာကြောင့် လူကိုကိုက်ခြင်းမှဆင်တုပ်ကွေးရောဂါကို ဖြစ်ပေါ်စေတာပါ။ ဆင်တုပ်ကွေးရောဂါမဖြစ်ပွားစေဖို့အတွက် အိပ်တဲ့အခါမှာ ခြင်ထောင်နဲ့ အိပ်ခြင်း၊ ခြင်မကိုက်ဆေးများလိမ်းခြင်း၊ အရည်များများသောက်ပေးခြင်းတို့ကို ပြုလုပ်ပေးသင့်တယ်လို့ သိရပါတယ်။သွေးလွန်တုပ်ကွေးရောဂါနဲ့ ဆင်တုပ်ကွေးရောဂါကိုဖြစ်စေတဲ့ ခြင်ကြားတွေ ကင်းရှင်းစေဖို့အတွက် ပြည်သူတွေအနေနဲ့  ဖုံး၊ သွန်၊ လဲ၊ စစ်၊ ဆိုတဲ့ လုပ်ငန်းစဉ်တွေနဲ့ လုပ်ဆောင်ပေးဖို့ လိုအပ်တယ်လို့ သိရပါတယ်။ 

 

 

Related News