မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီကိုပေးသွင်းရမယ့်အခွန်အခအပါအဝင်ငွေပေးသွင်းမှုတွေကိုတိကျလွယ်ကူမြန်ဆန်စေမယ့် Digital Wallet ငွေပေးချေစနစ်ကိုစတင်အကောင်အထည်ဖော်နေပြီလို့ မန္တလေးမြို့တော်ဝန်ဒေါက်တာရဲလွင်က ပြောကြားလိုက်တာပါ။မေလ(၁၃)ရက်က မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရုံးအစည်းအဝေးခန်မမှာ မန္တလေးမြို့တော်စည်ပင် သာယာရေး ကော်မတီပိုင်ရတနာပုံဘဏ် နဲ့ 2C2P ကုမ္ပဏီတို့ Digital Wallet စနစ်အတွက် MOU လက်မှတ်ရေး ထိုးခဲ့ကြပါတယ်။ Mandalay Smart Pay လို့အမည်ပေးမယ့် Digital wallet ငွေပေးချေစနစ်က မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီကို ပေးသွင်းရမယ့်အခွန်အခတွေအပါအ၀င် ငွေပေးသွင်းမှုတွေကို ပိုမိုမြန်ဆန်အောင် QR code/Bar code ပါတဲ့နို့တစ်စာရွက်သာပေးမှာဖြစ်ပြီှး Smart ဖုန်းတွေနဲ့ Scan လုပ်ကာငွေပေးချေနိုင်မှာပါ။ ဘဏ်ဖွင့်ချိန်မှာပဲပေးရတာ၊ ငွေအနုတ်ပြန်မအမ်းနိုင်ခြင်း၊ မလိုအပ်တဲ့ ငွေကြေးပေးရတဲ့ အခက်အခဲတွေကို ဖြေရှင်းနိုင်မယ့် အပြင်(၂၄)နာရီပေးသွင်းနိုင်ခြင်း၊ ငွေအတိအကျပေးချေနိုင်ခြင်း၊ အခွန်အခတွေအပြည့်အ၀ကောက်ခံနိုင်ခြင်းနဲ့ ၀န်ထမ်းအင်အားလျှော့ချနိုင်ခြင်းစတဲ့ အားသာချက်တွေရှိတယ်လို့ မန္တလေးမြို့တော်ဝန်ဒေါက်တာရဲလွင်က ပြောပါတယ်။

ကုမ္ပဏီကနည်းပညာပိုင်းနဲ့အခြေခံအဆောက်အအုံအပိုင်းအားလုံးကိုအခမဲ့ကူညီပေးသွားမယ်လို့သိရပါတယ်။Smart City ဖြစ်လာဖို့အခြေခံတစ်ခုဖြစ်တဲ့ Mandalay Smart Pay မကြာခင်အကောင်အထည်ပေါ်လာမှာဖြစ်ပြီး (၃)လနဲ့(၆)လ အတွင်းပြီးစီးအောင်ဆောင်ရွက်သွားမယ်လို့သိရပါတယ်။ 2C2P အနေနဲ့ Smart City အင်္ဂါရပ်နဲ့ညီအောင်ဆောင်ရွက် နေတဲ့မန္တလေးမြို့အတွက် တစ်ဖက်တလမ်းကပါဝင်ကူညီပေးတာဖြစ်တယ်လို့ပြောပါတယ်။2C2Pကုမ္ပဏီကမြန်မာနိုင်ငံသားပိုင်ကုမ္ပဏီဖြစ်ပြီးအရှေ့တောင်အာရှမှာဘဏ်စနစ်တွေ၊ဒီဂျစ်တယ်ငွေပေးချေစနစ်တွေကိုအဓိကဆောင်ရွက်နေတယ်လို့သိရပါတယ်။ နိုင်ငံပေါင်း(၁၂)နိုင်ငံမှာလည်းရုံးခွဲတွေဖွင့်လှစ်ထားပြီးထိုင်းနိုင်ငံရှိ Online Payment အားလုံးရဲ့ (၉၀)ရာခိုင်နှုန်းကိုရရှိထားတယ်လို့သိရပါတယ်။

 

Related News