The Art Of Living Myanmar  ဘ၀ရှင်သန်ခြင်း အနုပညာ အသက်(၆၃)နှစ်ပြည့်မွေးနေ့အခမ်းအနားကို မေလ(၁၃)ရက်က ရန်ကုန်မြို့ Chatrium Hotel မှာပြုလုပ်ခဲ့တာဖြစ်ပါတယ်။ The Art Of Living Myanmar  ဘ၀ရှင်သန်ခြင်းအနုပညာစင်တာမှာ တရားရှုမှတ်ခြင်း၊ ယောဂကျင့်စဉ်၊ စနစ်တကျအသက်ရှုခြင်း အတတ်ပညာ၊ ပရာဏာရာမ်း အစရှိတာတွေကို သင်ကြားပေးနေတာဖြစ်ပါတယ်။ဒီအခမ်းအနားမှာတော့ အိန္ဒိယနိုင်ငံက (Jeevan) (ဂျီဗန်)အဖွဲ့မှအိန္ဒိယတေးဂီတနဲ့ဖျော်ဖြေပေးခြင်း ၊ KK Yoga အဖွဲ့မှ မြန်မာ့ရိုးရာအကများနဲ့ဖျော်ဖြေတင်ဆက်ပေးခြင်း၊ အခမ်းအနားကို တက်ရောက်လာကြတဲ့ပြည်သူတွေ စိတ်ငြိမ်းချမ်းမှု ရရှိစေရန် တရားထိုင်ခြင်းအစီအစဉ်တွေကို ကျင်းပခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိ ပြည်တွင်းမှာ ပလတ်တစ်လျှော့ချရေးအသိပညာပေးတွေ လုပ်ဆောင်နေတဲ့အတွက် ပလတ်စတစ်လျှော့ချသုံးစွဲရန် အသိပညာပေးခြင်းဆိုင်ရာဗဟုသုတအစီအစဉ်များလည်း ထည့်သွင်းကျင်းပခဲ့တာ ဖြစ်ပါတယ်။  The Art Of Living Myanmar  ဘ၀ရှင်သန်ခြင်း အနုပညာစင်တာကို (၁၉၈၁)ခုနှစ်ကတည်းက စတင်တည် ထောင်ခဲ့တာဖြစ်ပြီး နိုင်ငံပေါင်း(၁၅၂) နိုင်ငံမှာ ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် မေလ(၁၃)ရက်မှာ ကျရောက်တဲ့ ဂုရုကြီးရဲ့မွေးနေ့ကိုလည်း နိုင်ငံပေါင်း (၁၅၂)နိုင်ငံလုံးမှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။ 

 

Related News