မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း(ဗဟို)က  ဦးစီးပြီး မူးယစ်ဆေးဝါးအသိပညာ ပေးဟောပြောပွဲဆိုင်ရာ နည်းပြသင်တန်းများ ဖွင့်လှစ်သင်ကြားရေးသင်တန်းကို မေလ(၁၄)ရက်က ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ရှိ မြန်မာမင်္ဂလာဟိုတယ်မှာ ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။သင်တန်းကိုတော့ လူကြီး၊လူငယ်မရွေး မူးယစ်ဆေးဝါးအန္တရာယ်ကိုသိရှိစေဖို့ ၊ မူးယစ်ဆေးဝါးရဲ့ ဆိုးကျိုးတွေကို သိရှိစေဖို့နဲ့ ဒီလိုသိရှိမှသာ နောင်လာမယ့် မျိုးဆက်သစ်လူငယ်တွေကို မူးယစ်ဆေးဝါးရဲ့ ဆိုးကျိုးတွေကို ပြန်လည်မျှဝေပေးနိုင်ဖို့အပြင် ပြည်သူတွေကို မူးယစ်ဆေးဝါးပညာပေးအကြောင်းအရာတွေကို နယ်လှည့်ပြီး ဟောပြောပေးနိုင်စေဖို့ စတဲ့ ရည်ရွယ်ချက်တွေနဲ့ ဖွင့်လှစ်သင်ကြားပေးတာဖြစ်ပါတယ်။ 

သင်တန်းမှာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ၊ မူးယစ်ဆေးဝါးသုံးစွဲထားသူ လူတစ်ဦးရဲ့ လဏ္ခာတွေ စတာတွေကို သင်ကြားပေးသွားမှာဖြစ်ပြီး သင်တန်းမှာ လက်တွေ့ကြိုးစားလုပ်ဆောင်နိုင်မယ့် သင်တန်းသား၊သင်တန်းသူ(၅၀)ဦးကို လက်ခံသင်ကြားပေးခဲ့တာ ဖြစ်ပါတယ်။မူးယစ်ဆေးဝါးအသိပညာပေးဟောပြောပွဲဆိုင်ရာနည်းပြသင်တန်းများ ဖွင့်လှစ်သင်ကြားရေးသင်တန်း ကို ပဲခူးတိုင်းဒေသကြီးမှာပထမအကြိမ် သင်ကြားပေးတာဖြစ်ပြီး နောက်ပိုင်းမှာလည်း ဧရာဝတီတိုင်း ဒေသကြီး၊မန္တလေးတိုင်းဒေသ ကြီး၊စစ်ကိုင်းတိုင်းဒေသကြီးတွေမှာ ဖွင့်လှစ်သင်ကြားပေးသွားမယ်လို့သိရပါတယ်။


 

 

Related News