ပြည်တွင်းရှိ နှုတ်ခမ်းကွဲအာခေါင်ကွဲကလေးငယ်တွေကို ထောက်ပံ့ပေးဖို့ ပီတီတီအီးပီမြန်မာ့စီမံကိန်းနှင့် Alliance for Smiles တို့နလည်မှုစာချွန်လွှာရေးထိုးခြင်းအခမ်းအနားကို မေလ(၁၄)ရက်က Novotel Hotel မှာပြုလုပ်ခဲ့ပါတယ်။ ပီတီတီအီးပီမြန်မာ့စီမံကိန်းလုပ်ငန်းတည်ဆောက်ခဲ့တဲ့ နှစ်(၃၀)ပြည့်အထိမ်းအမှတ်အနေနဲ့ နှုတ်ခမ်းကွဲအာခေါင်ကွဲဝေဒနာရှင်ကလေးငယ်(၁၀၀)ဦးကို ခွဲစိတ်ကုသဖို့အတွက် အမေရိကန်ဒေါ်လာတစ်သိန်းကို ထောက်ပံ့လှူဒါန်းခဲ့တာဖြစ်ပါတယ်။ ပီတီတီအီးပီအနေနဲ့ နှုတ်ခမ်းကွဲအာခေါင်ကွဲဝေဒနာရှင်ကလေးငယ်တွေ ခွဲစိတ်ပြုပြင်မှုကို ပံ့ပိုးပေးနိုင်ရန်အတွက် Alliance for Smiles ပူးပေါင်းဆောင်ရွက်တာဖြစ်တယ်လို့သိရပါတယ်။

Alliance for Smiles အနေနဲ့လည်း ငါးနှစ်တာကာလအတွင်းမှာ မြန်မာနိုင်ငံမှာရှိတဲ့နှုတ်ခမ်းကွဲအာခေါင်ကွဲကလေးငယ်တွေကို ခွဲစိတ်ကုသမှုပေါင်း(၁၀၀၀)ကျော်ထိ ပြုလုပ်ဆောင်ရွက်ခဲ့ပြီးဖြစ်သလို အခုတစ်ကြိမ်မှာလည်း ပီတီတီအီးပီမြန်မာ့စီမံကိန်းရဲ့ ထောက်ပံ့မှုနဲ့ ရန်ကုန်၊မြစ်ကြီးနား၊ စစ်ကိုင်း၊ မြိတ် စတဲ့(၄)နေရာမှာ ရှိတဲ့ နှုတ်ခမ်းကွဲအာခေါင်ကွဲကလေးငယ်အယောက်(၁၀၀) ခွဲစိတ်ကုသမှုတွေ ဆောင်ရွက်သွားမှာဖြစ်တယ်လို့သိရပါတယ်။ နှုတ်ခမ်းကွဲအာခေါင်ကွဲကလေးငယ်များခွဲစိတ်ကုသနိုင်ဖို့အတွက် လာမယ့် အောက်တိုဘာလမှာ ရွေးချယ်သွားမယ်လို့ သိရပါတယ်။ပီတီတီအီးပီမြန်မာ့စီမံကိန်း မှနှုတ်ခမ်းကွဲ အာခေါင်ကွဲဝေဒနာရှင်ကလေးငယ်(၁၀၀)ဦးကို ရွေးချယ်ပြီး ထောက်ပံ့လှူဒါန်းမှုပြုလုပ်တာဟာ ကလေးငယ်တွေအရွယ်ရောက်လာတဲ့အခါမှာ ကောင်းမွန်စွာစားသောက်နေထိုင်နိုင်ဖို့၊ စကားပြောစွမ်းရည်နဲ့ရုပ်ပိုင်းဆိုင်ရာတွေနဲ့ စိတ်ပိုင်းဆိုင်ရာတွေမှာ အားနည်းချက်တွေမခံစားရဘဲ ပတ်ဝန်းကျင်မှာ ယုံကြည်စွာရပ်တည်နိုင်ဖို့အတွက် ရည်ရွယ်တယ်လို့သိရပါတယ်။ 

 

 

Related News