မင်္ဂလာဒုံမြို့နယ်အတွင်းမှာဖွင့်လှစ်ထားတဲ့ ရွှေရောင်နှလုံးသားတိရစ္ဆာန်စောင့်ရှောက်ရေးဂေဟာမှာ အကြောင်းအမျိုးမျိုးကြောင့် ထိခိုက်ဒဏ်ရာ ရရှိထားတဲ့ ဂိလာနတိရစ္ဆာန်များကိုစောင့်ရှောက်မှုတွေပေးနေတာာပါ။ ရထား(သို့) ကားတိုက်လို့ ခြေလက်အင်္ဂါချို့ယွင်းတဲ့ တိရစ္ဆာန်များ အကြောင်းအမျိုးမျိုးကြောင့် ဝေဒနာခံစားနေရတဲ့တိရစ္ဆာန်များကို ကယ်ဆယ်မှု တွေပြုလုပ်ထားပြီး စောင့်ရှောက်မှုတွေပေးနေတာပါ။ ဒီဂေဟာကို စတင်တည်ထောင်စဉ်က တိရစ္ဆာန်အနည်းငယ်သာရှိပေမယ့် အခုချိန်မှာတော့ ခွေးကောင်ရေ ၆၅၀ ကြောင် အကောင်ရေ ၁၀၀ နဲ့ အခြားတိရစ္ဆာန်တွေကိုပါ စောင့်ရှောက်ထားတယ်လို့ ဂေဟာတည်ထောင်သူ မနှင်းဆီမြင့်က ပြောပါတယ်။ရွှေရောင်နှလုံးသားတိရစ္ဆာန်စောင့်ရှောက်ရေးဂေဟာမှာ  တစ်နေ့ကို စားစရိတ်က ကြက်သားနဲ့ကျွေးရင် ငွေကျပ်နှစ်သိန်းခွဲ ငါးနဲ့ဆို ငွေကျပ်  ၂ သိန်းကုန်ကျတယ်လို့ သိရပါတယ်။ အလှူရှင်တွေရဲ့ လှူဒါန်းမှုတွေနဲ့ နေ့စဉ်အသုံးစရိတ်အသုံးပြုရတာဖြစ်တယ်လို့ မနှင်းဆီမြင့်က ပြောပါတယ်။ေ

ရွှရောင်နှလုံးသားတိရစ္ဆာန်စောင့်ရှောက်ရေးဂေဟာမှာ တစ်ပတ်ကို သုံးကြိမ် တိရစ္ဆာန်လေးတွေရဲ့ စားသောက်စရိတ်ကို အပတ်စဉ် လှူဒါန်းနေသလို အခုလက်ရှိမှာလဲ မိုးကျတော့မှာဖြစ်တဲ့အတွက် တိရစ္ဆာန်လေးတွေနေရတာ အဆင်ပြေစေဖို့အတွက် အမိုးဆောက်လုပ် ပေးနေတယ်လို့ အလှူရှင် ဦးတင်ညိုက ပြောပါတယ်။ရွှေရောင်နှလုံးသားတိရစ္ဆာန်စောင့်ရှောက်ရေးဂေဟာက  တိရစ္ဆာန်လေးတွေကို ကျန်းမာရေးစောင့်ရှောက်မှုအနေနဲ့ ဆရာဝန်ခေါ်ယူပြီး ကျန်းမာရေးစစ်ဆေးပေးသလို ဝေဒနာအရမ်းခံစားနေတဲ့ တိရစ္ဆာန်လေးတွေကိုတော့ တိရစ္ဆာန်ဆေးကုခန်းသို့ ပို့ဆောင်ပေးတာတွေရှိတယ်လို့ သိရပါတယ်။

 

Related News