Food &  Hotel Myanmar 2019 ပြပွဲကို လာမယ့်ဇွန်လအတွင်း ကျင်းပပြုလုပ်သွားမှာဖြစ်တယ်လို့  မေလ(၁၄)ရက်က ရန်ကုန်မြို့၊ သာကေတ မြို့နယ် Fortune Plaza မှာ ပြုလုပ်ခဲ့တဲ့ အကြိုစာနယ်ဇင်းရှင်းလင်းပွဲမှ သိရပါတယ်။ (၆)ကြိမ်မြောက်ကျင်းပပြုလုပ်မယ့် Food &  Hotel Myanmar 2019 ပြပွဲကို ဇွန်လ (၅)ရက်မှ (၇) ရက်အထိကျင်းပ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ နိုင်ငံတကာ အစားအသောက်နှင့် အဖျော်ယမကာ၊ ဟိုတယ်၊ စားသောက်ဆိုင်၊ မုန့်ဖုတ်လုပ်ငန်းသုံးပစ္စည်း၊ အထောက် အကူပြုပစ္စည်းများနဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေအတွက် ရည်ရွယ်ပြီး အခုလို ပြပွဲပြုလုပ်တာဖြစ်တယ်လို့ သိရပါတယ်။ပြပွဲမှာ ကော်ဖီနှင့် ဖျော်ရည်၊ ၀ိုင်နှင့်အဖျော်ယမကာ၊ ဧည့်ခံကြိုဆိုမှုနှင့် လက်လီရောင်းချခြင်း၊ အစားအစာထုတ်ကုန်နှင့် စက်ပစ္စည်းကိရိယာများ၊ ၀န်ဆောင်မှုတွေစတဲ့ နည်းပညာအပိုင်းတွေကိုလည်း နိုင်ငံပေါင်း(၂၁)နိုင်ငံမှ ပြခန်းပေါင်း(၁၀၀)ကျော် ၀င်ရောက်ပြသသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ပြပွဲမှာ နိုင်ငံတကာမှ ပြခန်းတွေဝင်ရောက်ပြသမှာဖြစ်တာကြောင့်  စီးပွားရေးဈေးကွက်မှာပါ အထောက်အကူရရှိမှာဖြစ်တယ်လို့ သိရပါတယ်။

(၆)ကြိမ်မြောက်ကျင်းပပြုလုပ်မယ့် Food &  Hotel Myanmar 2019 ပြပွဲမှာ ပထမအကြိမ်အဖြစ် ကော်ဖီဆိုင်ရာ ကျွမ်းကျင်မှုများကို အနုပညာ တစ်ရပ်အဖြစ် ဖန်တီးပြသတဲ့ ပြပွဲ၊၆)ကြိမ်မြောက် ဟင်းချက်ပြိုင်ပွဲတွေအပြင်  စားသောက်ကုန်ထုတ်လုပ်မှုဆိုင်ရာ ဆွေးနွေးပွဲတွေကိုလည်း ထည့်သွင်းကျင်းပသွားမယ်လို့ သိရပါတယ်။

 

 

Related News