"နွေးထွေးသောကမ်းလက်များ"အဖွဲ့မှ ဦးဆောင်ပြီး နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ Forever Group ရဲ့ ၀န်ထမ်းမိသားစုဝင်များရဲ့ ကဆုန်လပြည့်နေ့အထိမ်းအမှတ် စုပေါင်းညောင်ရေသွန်းခြင်းနှင့် စတုဒီသာလှူဒါန်းခြင်းကို မေလ(၁၅)ရက်က ရွှေတိဂုံစေတီတော် ဗုဒ္ဓဟူးထောင့်မှာပြုလုပ်ခဲ့ပါတယ်။ MRTV-4 , Channel 7 မှ ၀န်ထမ်းမိသားစု(၁၀၀)ခန့်က မြန်မာတို့ရဲ့ အထွက်အမြတ်ထားရာ နေ့တစ်နေ့ဖြစ်တဲ့ ကဆုန်လပြည့်နေ့ အထိမ်းအမှတ် အလှူအတွက် စုပေါင်းညောင်ရေသွန်းခြင်းနဲ့ စတုဒီသာအလှူများကို ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။Forever Group ၀န်ထမ်းမိသားစုများက စုပေါင်းညောင်ရေသွန်းခဲ့ပြီးနောက် ဘုရားရင်ပြင်တော်ပေါ်မှာ တံမြတ်စည်းလှည်း၊ သန့်ရှင်းရေးပြုလုပ်ခဲ့ကြပါတယ်။ ဒါ့အပြင် စတုဒီသာအလှူအဖြစ် ဘုရားဖူးပြည်သူတွေကို အအေးဒါနပြုကုသိုလ်ယူခဲ့ကြတာဖြစ်ပါတယ်။Forever Group ရဲ့ နွေးထွေးသောကမ်းလက်များအဖွဲ့ဟာ 2015 ခုနှစ်ကလည်း ရေဘေးသင့်ပြည်သူတွေကို ၀န်ထမ်းတွေနဲ့အတူ နေရာဒေသမရွေးလိုက်လံကူညီလှူဒါန်းမှုတွေ ပြုလုပ်ပေးခဲ့ရာမှာ နှစ်စဉ်ပုံမှန်အလှူဒါနတွေကို ပြုလုပ်လျက်ရှိတယ်လို့ သိရပါတယ်။ 

 

 

Related News