MBT က ဦးစီးပြီး နည်းပညာနယ်ပယ်ကို စိတ်ဝင်စားတဲ့လူငယ်တွေအတွက် ပညာရေးဆွေးနွေးပွဲကို မေလ(၁၉)ရက်က ရန်ကုန်မြို့ Novotel Hotel မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အခုပြုလုပ်ခဲ့တဲ့ဆွေးနွေးပွဲဟာ နည်းပညာနယ်ပယ်ကို စိတ်ဝင်စားတဲ့လူငယ်တွေ၊ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးတဲ့ ကျောင်းသား/ကျောင်းသူတွေနဲ့ ပြည်ပနိုင်ငံမှာ ပညာသင်ကြားလိုတဲ့ ကျောင်းသားကျောင်းသူတွေအတွက် ရည်ရွယ်ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ဆွေးနွေးပွဲမှာ ပြည်ပနိုင်ငံမှာတက်ရောက်နိုင်မယ့် ဘာသာရပ်ဆိုင်ရာအကြောင်းအရာတွေ၊ ကွန်ပျူတာ နည်းပညာဆိုင်ရာဘာသာရပ်၊ Network နဲ့ ပတ်သက်တဲ့အကြောင်းအရာတွေအပြင် IT နည်းပညာကို စိတ်ဝင်စားတဲ့ ကျောင်းသား/ကျောင်းသူတွေအတွက် တက်ရောက်နိုင်မယ့် ဘာသာရပ်ဆိုင်ရာ အကြောင်းအရာတွေကို ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

လက်ရှိမှာ MBT အနေနဲ့ နည်းပညာဆိုင်ရာ SQA Advanced Diploma ကို ပြည်တွင်းမှာသာမက စင်္ကာပူ၊ မလေးရှား၊ အစရှိတဲ့ ပြည်ပနိုင်ငံတွေမှာပါ သင်ကြားနိုင်အောင်ဆောင်ရွက်ပေးတယ်လို့ သိရပါတယ်။ 

 

Related News