ဟွာဝေးကုမ္ပဏီဘက်က ကြိုတင်ပြင်ဆင်မှုတွေလုပ်ထားလို့ အမေရိကန်ရဲ့ကုန်သွယ်ရေးကန့်သတ်မှုတွေကို ယာယီဖြေလျော့ ပေးတာက အကျိုးသက်ရောက်မှုနည်းနည်းပဲရှိလိမ့်မယ်လို့ ဟွာဝေးနည်းပညာကုမ္ပဏီတည်ထောင်သူရန် ကျန်းဖေက တရုတ်နိုင်ငံပိုင် CCTV ရုပ်သံကို ပြောပါတယ်။

ဖြေလျော့ပေးလို့ ဟွာဝေးရဲ့5Gကွန်ရက်ကိုလည်း အကျိုးသက်ရောက်မှုရှိမှာမဟုတ်သလိုလာမယ့်(၂)နှစ်(၃)နှစ်အတွင်းဘယ်အဖွဲ့အစည်းကမှာဝေးရဲ့5Gနည်းပညာကို လိုက်မမှီနိုင်သေးဘူးလို့ ခန့်မှန်းထားနိုင်တဲ့အပြင် အမေရိကန်က ဟွာဝေးကိုလျော့တွက်ထားတယ်လို့လည်း သူက ပြောခဲ့တာပါ။

တနင်္ဂနွေနေ့မှာဂူဂယ်က ဟွာဝေးမှာ သူ့ထုတ်ကုန်တွေအသုံးပြုခွင့်ကန့်သတ်မယ်လို့ အတည်ပြုခဲ့ပြီးနောက် အသုံးပြုသူတွေအတွက် အနှောင့်အယှက်တွေတွေ့သွားနိုင်တာကိုအနည်းဆုံးဖြစ်စေဖို့ရည်ရွယ်ပြီး ဟွာဝေးအပေါ်ကန့်သတ်ထားတာတွေကိုယာယီဖြေလျော့သွားမယ်လို့ တနင်္လာနေ့မှာအမေရိကန်အစိုးရကကြေညာခဲ့ပြီးနောက် ရန်ကအခုလိုပြောတာပါ။ ဟွာဝေးနည်းပညာကုမ္ပဏီတွေအနေနဲ့ ရှိနေပြီးသား ကွန်ရက်တွေကို ဆက်ထိန်းထားဖို့နဲ့ ရှိနေပြီးသားဟွာဝေးဖုန်းတွေကို ဆော့ဝဲအဆင့်မြှင့်တင်မှုတွေလုပ်နိုင်ဖို့ အမေရိကန်ထုတ်ပစ္စည်းတွေ ၀ယ်ယူခွင့်ပြုသွားဦးမယ်လို့ အမေရိကန်စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ခဲ့ပါတယ်။ တယ်လီဖုန်းဆက်သွယ်ရေး ပစ္စည်းထုတ်လုပ်တဲ့ကမ္ဘာ့အကြီးဆုံးကုမ္ပဏီဟာပစ္စည်းသစ်တွေထုတ်ဖို့ အမေရိကန်ထုတ်ပစ္စည်းအစိတ်အပိုင်းတွေ ၀ယ်ယူခွင့်ကိုတော့ ပိတ်ပင်ခံထားရတုန်းပါ။ အမျိုးသားလုံခြုံရေးနဲ့ နိုင်ငံခြားရေးမူဝါဒအကျိုးစီးပွားတွေကို ဆန့်ကျင်နေတဲ့လှုပ်ရှားမှုတွေမှာ ဟွာဝေးပါဝင်နေလို့ ကန့်သတ်မှုတွေလုပ်ရတာလို့ အမေရိကန်အစိုးရကပြောထားပါတယ်။

ယာယီဖြေလျော့ထားတဲ့ရက်(၉၀)အပြီးထပ်ပြီးအချိန်ထပ်တိုးပေးရဦး မလားဆိုတာခန့်မှန်းတွက်ချက်ရဦးမယ်လို့လည်းအမေရိကန်အစိုးရဘက်ကပြောပါတယ်။ပြီးခဲ့တဲ့ကြာသပတေးမှာဟွာဝေးနဲ့နောက်ထပ်လုပ်ငန်း(၆၈)ခုကို အမေရိကန်ထုတ်ကုန်ပစ္စည်းတွေဝယ်ဖို့မဖြစ်နိုင်တော့သလောက်ဖြစ်သွားတဲ့ ပို့ကုန်အမည်ပျက်စာရင်းသွင်းခဲ့ပါတယ်။

 

Related News