မျိုးဆက်သစ်ကစားသမားတွေထွက်ပေါ်လေ့ရှိတဲ့ အသက် (၂၅) နှစ်အောက်တိုင်းနယ်ပြည်နယ်ဘိလိယက်နှင့်    စနူကာပြိုင်ပွဲ ဗိုလ်လုပွဲနဲ့ဆုပေးပွဲကို ပြီးခဲ့တဲ့မေလ (၂၀) ရက်နေ့က လမ်းမတော်မြို့နယ်မှာရှိတဲ့ Maximum ဘိ   လိယက်ခန်းမမှာ တစ်ပြိုင်နက်ကျင်းပပြုလုပ်ခဲ့ပါတယ်။ အခုတိုင်းနဲ့ပြည်နယ်ပွဲကိုကျင်းပပြုလုပ်ရခြင်းက     တော့ ဘိလိယက်နဲ့စနူကာအတွက်လက်ရွေးစင်ကစားသမားသစ်တွေ ထွက်ပေါ်လာဖို့ရည်ရွယ်ပြီးပြုလုပ်တာ    ဖြစ်တယ်လို့သိရပါတယ်။ အဆိုပါပြိုင်ပွဲကို ကလပ်အသင်းပေါင်း (၁၃) သင်းမှကစားသမား (၁၁၂) ယောက် အ ထိဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ဗိုလ်လုပွဲကိုတော့ဧရာဝတီတိုင်းကိုယ်စားပြုကစားသမားအများစုတက်ရောက်သွားနိုင်ခဲ့ပါတယ်။

ပြိုင်ပွဲကိုလက်ရွေးစင်အဆင့်လူငယ်ကစားသမားအချို့ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဆုရရှိတဲ့ကစားသမားတွေထဲကမှ    တိုင်းဒေသကြီးနှင့်ပြည်နယ်အတွက် ကစားသမားရွေးချယ်မှုတွေပြုလုပ်သွားမှာဖြစ်တယ်လို့လည်းသိရပါတယ်။    ပြိုင်ပွဲမှာ ဘိလိယက်(တစ်ဦးချင်း)၊ ဘိလိယက်(နှစ်ယောက်တွဲ)၊ စနူကာ (တစ်ဦးချင်း)၊ စနူကာ(နှစ်ယောက်တွဲ)၊    အမျိုးသမီးအလွတ်တန်း 9 ball အစရှိတဲ့ ပြိုင်ပွဲအမျိုးအစားတွေပါဝင်ခဲ့ပြီး အဆိုပါပြိုင်ပွဲမှာဆုရရှိတဲ့ကစားသမား   တွေအတွက်ဆုကြေးငွေစုစုပေါင်း သိန်း(၆၀) ကျော် ပေးအပ်ချီးမြင့်ခဲ့ပါတယ်။ ပြိုင်ပွဲရဲ့အမှတ်အများဆုံးတံ ခွန်စိုက်ဆုဖလားကိုတော့ ဧရာဝတီတိုင်းကဆွတ်ခူးသွားခဲ့ပြီး စနူကာတစ်ဦးချင်းပြိုင်ပွဲ၊ ဘိလိယက် (နှစ်ယောက်   တွဲ) ပြိုင်ပွဲ နဲ့ အမျိုးသမီးအလွတ်တန်း 9ball ပြိုင်ပွဲတွေမှာလည်း ဧရာဝတီတိုင်းကိုယ်စားပြုကစားသမားတွေက  ရွှေတံဆိပ်ဆုဆွတ်ခူးသွားနိုင်ခဲ့တာဖြစ်ပါတယ်။

အခုပြိုင်ပွဲရဲ့စနူကာတစ်ဦးချင်းပြိုင်ပွဲမှာရွှေတံဆိပ်ဆုရရှိတဲ့ကစားသမားနေလင်းဟာဆိုရင် ပြင်ဦးလွင်မှာကျင်းပ    ပြုလုပ်မယ့် စနူကာဖိတ်ခေါ်ဖလားပြိုင်ပွဲကိုလည်း ၀င်ရောက်ယှဉ်ပြိုင်သွားမယ်လို့သိရပါတယ်။

 

Related News