ရန်ကုန်မြို့ပတ်ဘတ်(စ်)ကားလိုင်းသစ်ကို Scania ယာဉ်နဲ့ ပြေးဆွဲဖို့ YRTA မှ ခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။ အခုပြေးဆွဲမယ့် ရန်ကုန်မြို့ပတ်ဘတ်(စ်)ကားလိုင်းမှာ ပြေးဆွဲမယ့် Scania ယာဉ်များကို City Transit Company ကနေ အစီးရေ(၅၀)နဲ့ ပြေးဆွဲပေးသွားမှာပါ။ 

Scania ယာဉ်များပြေးဆွဲမယ့် ခရီးစဉ်လမ်းကြောင်းတွေက အောင်မင်္ဂလာ အဝေးပြေးဂိတ်မှ စတင်ကာ အမှတ်(၃)လမ်းမကြီးအတိုင်းသုဓမ္မာလမ်း၊ ဝေဇယန္တာလမ်း၊ ပါရမီလမ်း၊ ဘေလီထိပ်၊ သံသုမာလမ်း၊ ပြည်ထောင်စုခုံးကျော်တံတား၊ အထက်ပုစွန်တောင်လမ်း၊ (၅၁)လမ်းထိပ်၊ ဗိုလ်တထောင်ဘုရားလမ်း အစရှိတဲ့ လမ်းကြောင်းတွေအပြင် အပြန်လမ်းကြောင်းတွေကတော့ ဗိုလ်တထောင်ဘုရားလမ်းမှ ကမ်းနားလမ်း၊ ကြည့်မြင်တိုင် ကမ်းနားလမ်း၊ ဘုရင့်နောင်လမ်းဆုံ၊ သမိုင်းဘူတာရုံလမ်း၊ (၈)မိုင်၊ ကမ္ဘာအေးဘုရားလမ်း၊ န၀ဒေးအုတ်ပုံဆိပ်လမ်းကနေ သုဓမ္မာလမ်းအတိုင်း အောင်မင်္ဂလာအဝေးပြေးအထိ ပြေးဆွဲသွားမှာ ဖြစ်ပါတယ်။အခုလို ယာဉ်လိုင်းသစ်တိုးချဲ့မှုတွေမှာ လေဆိပ်ကနေ ဆူးလေအထိ Airport Shutter ယာဉ်တွေကိုလည်း ကမ္ဘာအေးဘုရားလမ်းက ပြေးဆွဲတာနဲ့ပြည်လမ်းက ပြေးဆွဲတာဆိုပြီး(၂) လိုင်းပေးထားတယ်လို့သိရပါတယ်။ လက်ရှိမှာလည်း သယ်ယူပို့ဆောင်ရေး ကဏ္ဍတွေဖြစ်တဲ့ ရထားလမ်းအဆင့်မြှင့်တင်တာတွေ တိုးမြှင့်ဆောင်ရွက်နေသလို ရထားဂိတ်တွေနဲ့ Water Bus ပြေးဆွဲနေတဲ့ လမ်းကြောင်းတွေမှာလည်း (YBS)ယာဉ်လိုင်းတွေနဲ့ချိတ်ဆက်နိုင်အောင်လည်းဆောင်ရွက်နေတယ်လို့သိရပါတယ်။

ပြေးဆွဲနေတဲ့ YBS  ယာဉ်လိုင်းပေါင်း(၁၀၀)ကတော့ လက်ရှိမှာ ပြည့်စုံမှုမရှိသေးဘူးလို့ သိရပါတယ်။ နောက်ပိုင်းမှာလည်း ခရီးသွားပြည်သူတွေ အဆင်ပြေချောမွေ့စေဖို့ ယာဉ်လိုင်းတွေ၊ ယာဉ်လမ်းကြောင်းတွေကိုလည်း တိုးချဲ့ပြေးဆွဲပေးဖို့ရှိတယ်လို့ သိရပါတယ်။

 

Related News