စစ်ဘေးရှောင်ဒုက္ခသည်များအတွက် ကူညီထောက်ပံ့ရေး ကုသိုလ်ဖြစ်ပန်းချီအရောင်းပြပွဲကို မေလ(၂၀)ရက်ကနေ မေလ(၂၅)ရက်အထိ ကန်တော်ကြီး ကရ၀ိတ်နန်းတော်ဝင်းအတွင်းရှိ မဟာဈာန် ပန်းချီပြခန်းမှာပြသနေတာ ဖြစ်ပါတယ်။ စစ်ပွဲဖြစ်ပွားနေတဲ့ ဒေသအချို့က ဒေသခံပြည်သူတွေကို ကူညီကယ်ဆယ်ထောက်ပံ့ပေးဖို့အတွက် ယခုပြသရောင်းချနေတဲ့ ပန်းချီပြပွဲက ရရှိတဲ့ ပန်းချီကားရောင်းရငွေရဲ့ (၅၀)ရာခိုင်နှုန်းကို လှူဒါန်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဒီပန်းချီပြပွဲမှာ  မြန်မာပြည်အနှံက ပန်းချီဆရာတွေရဲ့ ပန်းချီကားတွေကို  လာရောက်လှူဒါန်းကြတာဖြစ်ပါတယ်။

စစ်ဘေးရှောင်ဒုက္ခသည်များအတွက် ကူညီထောက်ပံ့ရေးကုသိုလ်ဖြစ်ပန်းချီအရောင်းပြပွဲမှာ မြန်မာပြည်အနှံ့က ပန်းချီဆရာ (၁၈၀)ကျော်ရဲ့ပန်းချီကား တွေအပြင် အနယ်နယ်အရပ်ရပ်က ပေးပို့လာတဲ့ ပန်းချီကားပေါင်း လက်ရှိအချိန်ထိ (၂၈၀)ကျော် လက်ခံရရှိထား တယ်လို့သိရပါတယ်။ ပြပွဲမှာ ပါဝင်ရောင်းချထားတဲ့ ပန်းချီကားတွေကို  ရေဆေး၊ ဆီဆေး၊ အခရိုင်းလစ် စတာတွေနဲ့ ရေးဆွဲထားတဲ့ ပန်းချီကား အများစု ပါဝင်ပြီး မြန်မာပြည်ရဲ့ ဒေသအလှအပတွေ၊ တောတောင်ရှုခင်းတွေ၊ လူထုပုံရိပ်တွေ စတဲ့ ပန်းချီကား လက်ရာတွေကို တွေ့မြင်ရမှာဖြစ်ပါတယ်။

စစ်ဘေးရှောင်ဒုက္ခသည်များအတွက် ကူညီထောက်ပံ့ရေး ကုသိုလ်ဖြစ် ပန်းချီအရောင်းပြပွဲမှာ ပါဝင်ပြသရောင်းချနေတဲ့ ပန်ချီးကားဈေးနှုန်းတွေအနေနဲ့ လူတန်းစားမရွေး ၀ယ်ယူနိုင်အောင်လို့ ပန်းချီကားအရွယ်အစားအပေါ်မူတည်ပြီး ပန်ချီကားတစ်ကားကို ငွေကျပ်ငါးသောင်းမှ ငွေကျပ် ဆယ်သိန်းအထိ ပန်းချီကားတွေပြသရောင်းချနေတာဖြစ်ပါတယ်။

 

Related News