စဉ်ဆက်မပြတ် ဖန်တီးတီထွင်မှုတွေနဲ့ ဖောင်းကြွလက်မှုအနုပညာပစ္စည်းလုပ်ငန်းတွေထဲမှာ အောင်မြင်မှုရရှိနေတဲ့ ဦးသာဓုဟာ စွန့်ဦးတီထွင် လုပ်ငန်းတစ်ခုဖြစ်တဲ့ လက်မှုလုပ်ငန်းကို လုပ်ကိုင်လာတာ နှစ်(၂၀)ရှိပြီလို့ သိရပါတယ်။ ဖောင်းကြွလက်မှုပညာပစ္စည်းထုတ်လုပ်မှုက ဦးသာဓုရဲ့ ပထမဦးဆုံးကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သလို အခုချိန်ထိစွဲစွဲမြဲမြဲလုပ်ကိုင်နေတဲ့လုပ်ငန်းတစ်ခုလည်းဖြစ်ပြီး ပန်းဆယ်မျိုးထဲမှ ပန်းတိမ်ပညာကိုသာ အဓိကလုပ်ကိုင်သူလည်းဖြစ်ပါတယ်။ (၁၉၉၆)ခုနှစ်မြန်မာခရီးသွားနှစ်မှစတင်ကာ အမှတ်တရလက်ဆောင်ထုတ်လုပ်တဲ့ လုပ်ငန်းတွေခေတ်စားလာပြီး သူထုတ်လုပ်တဲ့ ဖောင်းကြွပန်းချီကား တွေကို ဈေးကွက်ထဲဝင်ရောက်လာကာ နှစ်ပေါင်း(၂၀)အတွင်းအောင်မြင်ခဲ့တဲ့ အသေးစားစီးပွားရေးလုပ်ငန်း ရှင်တစ်ဦးဖြစ်လာတယ်လို့ ဦးသာဓုကပြောပါတယ်။ အခုလိုဖောင်းကြွပန်းချီကားတွေလုပ်ကိုင်ရာမှာ ရွှေ၊ငွေ၊ကြေးတွေက အဓိကကုန်ကြမ်းဖြစ်တယ်လို့ပြောပါတယ်။

ပန်းတိမ်လုပ်ငန်းကို ဆန်းသစ်တီထွင်ပြီး ဖောင်းကြွကြေးပန်းချီအဖြစ် အသွင်ပြောင်းလုပ် ကိုင်ခဲ့တဲ့ ဦးသာဓုက မြန်မာ့ရိုးရာပန်းဆယ်မျိုး အနုပညာလုပ်ငန်းတွေက အလွယ်တကူလုပ်ယူလို့ရတဲ့ လုပ်ငန်းမဟုတ်တာကြောင့် ဈေးကွက်မှာမရှိသေးတဲ့ ထုတ်ကုန်တွေကို ထုတ်လုပ်ဖို့ရှိတယ် လို့ပြောပါတယ်။ကိုယ်ပိုင်လုပ်ငန်းကိုတည်ထောင်ပြီး ဖောက်သည်ပေးခြင်း၊ နိုင်ငံတကာပြပွဲတွေမှာဝင် ရောက်ပြသဖို့ပစ္စည်းတွေစုဆောင်းရတာအပြင် အဆင့်ကျော်လုပ်လို့မရတာကြောင့် ဈေးကွက်ထဲကိုပစ္စည်းတွေ ရောက်ရှိဖို့အတွက်  အလျင်မီအောင်ကြိုးစားနေရတယ်လို့ပြောပါတယ်။ 

ဦးသာဓုကို စက်မှုဝန်ကြီးဌာနက  လာမယ့် ဇွန်လ(၂၄)ရက်မှာ တရုတ်ပြည်နယ် ကွမ်ကျိုမြို့မှာ နိုင်ငံတကာပြပွဲဝင်ရောက်ပြသဖို့ဖိတ်ခေါ်ထားတာကြောင့် သူအနေနဲ့ ၀င်ရောက်ပြသဖို့ရှိတယ်လို့ပြောပါတယ်။ ဒါ့ကြောင့်  အခုလိုပွင့်လင်းလာတဲ့ဈေးကွက်၊ တိုးတက်လာတဲ့ ခရီးသွားလုပ်ငန်းတွေမှာ သူ့ရဲ့လက်မှုအနုပညာပစ္စည်းတွေကို ပိုမိုပြီးရောင်းချဖို့နဲ့ နိုင်ငံခြားဈေးကွက်ထိ လုပ်ငန်းတိုးချဲ့ဖို့စီစဉ်နေသလို သူဖန်တီးထားတဲ့ လက်မှုပစ္စည်းတွေကို ပြည်တွင်းမှာသာမက ပြည်ပနိုင်ငံတွေထိပါ အသိအမှတ်ပြုခံဖို့ကြိုးစား နေတယ်လို့သိရပါတယ်။

 

Related News