Grassroots Football Festivals နှင့် အသက်(၁၄) နှစ်အောက်ကလေးများဘောလုံးပြိုင်ပွဲ ၂၀၁၉ ကျင်းပနိုင်  ရေးအတွက်မြန်မာနေရှင်နယ်လိဂ်နှင့် Myanmar Care တို့ရဲ့ထောက်ပံ့ငွေပေးအပ်ပွဲလက်မှတ်စာချုပ်ချုပ်ဆို   ခြင်းအခမ်းအနားကို မေလ (၂၂) ရက်နေ့က ရန်ကုန်မြို့ Novotel Hotel မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ကြောင်း    သိရပါတယ်။ အဆိုပါအခမ်းအနားကိုတော့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနေရှင်နယ်လိဂ်ကော်မတီဒုတိယ ဥက္ကဌ     ဒေါက်တာစိုင်းဆမ်ထွန်း နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှတာဝန်ရှိသူများ၊ မြန်မာဘရူဝါရီလိမိတက် ကရုဏာ  ရှေးရှုမြန်မာမှု ( Myanmar Care ) တို့မှတာဝန်ရှိသူများ တက်ရောက်ခဲ့ပါတယ်။ယခုနှစ်မှာတော့ Myanmar   Care အနေဖြင့် မြန်မာ့ဘောလုံးလောက ဖွံ့ဖြိုးရေးနှင့်လူငယ်မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွန်းလာ စေရန်အတွက် ရည်ရွယ်ကျင်းပသည့် Grassroots Football Festivals နှင့် အသက်(၁၄) နှစ်အောက် ကလေးများဘောလုံးပြိုင်ပွဲ ၂၀၁၉ အတွက် ကူညီထောက်ပံ့ငွေသိန်း (၃) ထောင် ပံ့ပိုးကူညီသွားမှာဖြစ်ကြောင်း   သိရပါတယ်။

၂၀၁၈ ခုနှစ်မှာတော့ အသက်(၆) နှစ်မှ (၁၂) နှစ်ရှိကလေးငယ်များကို ဘောလုံးအခြေခံလေ့ကျင့်ခန်းများ လေ့   ကျင့်သင်ကြားပေးခြင်းနှင့် အသက် (၁၄) နှစ်အောက်ဘောလုံးပြိုင်ပွဲများကို တိုင်းဒေသကြီးနှင့်ပြည်နယ် (၈)     ခုတို့တွင် ကျင်းပပြုလုပ်နိုင်ခဲ့ပြီးယခုနှစ်မှာတော့ တိုင်းဒေသကြီးနှင့်ပြည်နယ် (၁၀) ခုအထိတိုးမြှင့်ဆောင်ရွက်   သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။၂၀၁၉ ခုနှစ် အသက် (၁၄) နှစ်အောက်ကလေးများဘောလုံးပြိုင်ပွဲများကို  ဇူလိုင်လမှာစတင်ကျင်းပပြုလုပ်    သွားမှာဖြစ်ပြီး ပြိုင်ပွဲမှထူးချွန်တဲ့ ကစားသမားများကို တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက်ရွေးချယ်ကာ 100 Plus U-14 ဘောလုံးပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်စေမှာပါ။ အဆိုပါ 100 Plus U-14 ပြိုင်ပွဲ    ကနေတစ်ဆင့် ထူးချွန်တဲ့ကစားသမားတွေကိုထပ်မံရွေးချယ်ပြီး ဂျပန်နိုင်ငံကိုစေလွှတ်ကာ လေ့ကျင့်မှုတွေပြုလုပ်စေမှာလည်း  ဖြစ်ပါတယ်။

 

 

Related News