ဒီကနေ့ မေလ(၂၃)ရက်နံနက်(၁၁)နာရီ (၅၂) မိနစ်အချိန်က မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ ချမ်း/တောင်ရပ်ကွက်၊အကွက်အမှတ်(၈၈၃)၊မီးရထားစက်ခေါင်းရုံ(မီးရထားဝင်း)မှာသွပ်မိုးထရံကာမြေစိုက် နေအိမ်အတွင်းမီးအားမြှင့်စက်အပူလွန်ကဲရာမှအနီးရှိထရံအားမီးကူးစက်ပြီးမီးစတင်လောင်ကျွမ်းခဲ့ပါတယ်။ အဆိုပါမီးလောင်မှုကိုနံနက်(၁၁)နာရီ(၅၅)မိနစ်အချိန်သတင်းရရှိပြီး (Level 3) ယာဉ်အုပ်စု၊ မီးငြှိမ်းသတ်ယဉ်(၅၀)စီး၊ရေသယ်ယာဉ်(၂၀)စီး၊ အုပ်ချုပ်မှုယာဉ်(၃)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၁၅ဝ)ဦး၊ အရန်မီးသတ်(၂၅ဝ)ဦးသွားရောက်ငြှိမ်းသတ်ခဲ့ရာ နေ့လည်(၁၂နာရီ၁၅)မိနစ်မှာမီးထိန်းနိုင်ပြီး၊ (၁၂နာရီမိစန်၂၀)မှာမီးလုံးဝငြိမ်းခဲ့တယ်လို့သိရပါတယ်။မီးလောင်မှုကြောင့် သွပ်မိုးထရံကာမြေစိုက်အိမ်(၁)လုံးနဲ့ နေအိမ်(၁၃)စုစုပေါင်းနေအိမ်(၁၄)လုံးနဲ့အတွင်းပစ္စည်းများမီးလောင်ဆုံးရှုံးခဲ့ပြီးစုစုပေါင်းဆုံးရှုံးမှုတန်ဖိုးငွေကျပ်(၃၉၂၅ဝဝဝ)ခန့်မီးလောင်ဆုံးရှုံးခဲ့တယ်လို့သိရပါတယ်။အဆိုပါမီးလောင်မှုကိုချမ်းမြသာစည်မြို့နယ်အမှတ်(၁၁)ရဲစခန်းမှ(မ-၃၂၅/၂ဝ၁၉)ပုဒ်မ(၂၈၅)နဲ့အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိကြောင်းသိရပါတယ်။မီးလောင်မှုကြောင့်မီးဘေးဒုက္ခသည်ကျား(၃၃)ဦး၊မ(၃၈)ဦးစုစုပေါင်း(၇၁)ဦးကိုမြို့ဟောင်းစက်ခေါင်းရုံ၊သုစရိယဓမ္မာရုံမှာကယ်ဆယ်ရေးစခန်းဖွင့်လှစ်ပေးထားတယ်လို့သိရပါတယ်။

 

 

Related News