အင်းလေးကန် တိမ်ကော ပပျောက်မှုမရှိစေဖို့အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ညောင်ရွှေမြို့နယ် ဆည်မြောင်းဦးစီးဌာန နဲ့ အင်းလေးဒေသအတွင်းမှာနေထိုင်တဲ့ အင်းသူအင်းသားတွေက  ထိန်းသိမ်း ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ်အတွင်း ပင်လယ်ရေမျက်နှာပြင်အထက်ပေ ၂၈၈ဝ အမြင့်မှာတည်ရှိတဲ့ အင်းလေးကန်ဟာ မြန်မာနိုင်ငံရဲ့ကုန်းတွင်းရေအိုင်ကြီးများအနက် ဒုတိယအကြီးဆုံး ရေအိုင်ကြီးဖြစ်ပြီး အာဆီယံယဉ်ကျေးမှုအမွေအနှစ် အဖြစ်သတ်မှတ်ခံရသော သဘာဝရေအိုင်ကြီး ဖြစ်ပါတယ်။အင်းလေးကန်အတွင်းမှာ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရိုးရာလက်မှုလုပ်ငန်းများအပါအဝင် ခရီးသွားလုပ်ငန်းတွေကို အဓိကလုပ်ကိုင်လျက်ရှိတာပါ။ အင်းလေးကန်ရဲ့ မူလရေပြင်အကျယ်ဟာ ၁ဝဝ စတုရန်း မိုင်ခန့်ရှိခဲ့ပေမယ့်လည်း ၂ဝ၁၄ ခုနှစ် တိုင်းထွာချက်အရ တောင်မှမြောက်သို့ ၁၂ မိုင် ၊ အရှေ့ မှ အနောက် ၆ မိုင်ခန့် နဲ့ ကန် ရဲ့ ရေအနက်ဆုံးနေရမှာ မိုးရာသီမှာ (၁၂) ပေ၊နွေရာသီမှာ (၆)ပေသာ ကျန်ရှိတော့တယ်လို့သိရပါတယ်။

ဒါ့အပြင် အင်းလေကန်ရဲ့ ရေဟာ ယခင်က ကြည်လင်နေပေမယ့် လက်ရှိ အင်းလေးကန်ရေက ရွှံအရောင်ဖြစ်နေတယ်လို့သိရပါတယ်။ဒါ့အပြင် အင်းလေးကန်အတွင်းမှာ ရေက တဖြည်းဖြည်းတိမ်ကောလာတာကြောင့် အစိုးရအဖွဲ့အစည်းတွေက ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။အင်းလေးကန်ရေရှည်တံ့ပြီး တိမ်ကော ပပျောက်မှုမရှိစေဖို့အတွက် အင်းလေးဒေသအတွင်းမှာ နေထိုင်တဲ့ အင်းသားအင်းသူတွေအနေနဲ့ အင်းလေးကန်အတွင်း တောင်ယာစိုက်ပျိုးရာမှာ စည်းကမ်းစနစ်တကျစိုက်ပျိုးမှုပြုလုပ်ရန်၊တောင်ပေါ်လှေခါးထစ်စိုက်ပျိုးရေးတွေပြုလုပ်ဖို့နဲ့ အင်းလေးကန်အတွင်းကို ပြည်တွင်းပြည်ပခရီးသွားဧည့်သည်တွေအပါအ၀င် အင်းသူ၊အင်းသားတွေပါ စည်းကမ်းတကျအမှိုက်စွန့်ပစ်ကြရန် ညောင်ရွှေမြို့နယ် သာလေးကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှူးမှ အခုလိုပြောပါတယ်။အင်းလေးကန်အတွင်း (၂၀၁၀)ပြည့်နှစ်မှာ ရေခမ်းခြောက်မှု အဆိုးဝါးဆုံးကြုံတွေ့ခဲ့ရပြီး အင်းလေးဖောင်တော်ဦးဘုရားရင်ပြင်နှင့် ကိုက် (၁၀၀)ခန့်အထိကို ရေများခန်းခြောက် ပက်ကြားအက်ကွဲတဲ့ အထိဖြစ်ခဲ့ပါတယ်။

 

 

Related News