သြစတြေးလျနိုင်ငံကလမ်းတွေပေါ်မှာ ကားမောင်းနေစဉ် လမ်းပေါ်အာရုံမရောက်တဲ့ဖြစ် ရပ်တွေများလာလို့ အဲဒီဖြစ်ရပ်တွေကို အသိဥာဏ်တုနည်းပညာနဲ့ သြစတြေးလျကတိုက်ဖျက် သွားမယ်လို့သိရပါတယ်။ နည်းပညာတွေကတစ်ဆင့် ဆက်သွယ်မှုတွေတိုးတက်လာခဲ့ပေမဲ့ ကားမောင်းစဉ် လမ်းပေါ်အာရုံမရောက်တဲ့ဖြစ်ရပ်တွေက ပိုများ လာတဲ့ အန္တရာယ်တစ်ခုဖြစ်လာလို့ အဲဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး သြစတြေးလျဘက်ကတစ်ခုခုပြန်တုံ့ပြန်ဖို့လိုလားနေပါတယ်။ လက် ရှိမှာ သြစတြေးလျနိုင်ငံက ကင်မရာစနစ်တစ်ခုကိုစမ်းသပ်နေပြီး အဲဒီစနစ်ကကားမောင်းနေရင်း သူတို့ရဲ့မိုဘိုင်းဖုန်းတွေအသုံးပြု နေတဲ့ယာဉ်မောင်းတွေကို ရှာဖွေဖော်ထုတ်ပေးနိုင်ပါတယ်။ အဲဒီစနစ်ကို အသိဥာဏ်တုနည်းပညာအသုံးပြုထားပြီး နေ့ဘက် (ဒါမှမဟုတ်) ညဘက်တို့မှာ တစ်နာရီကီလိုမီတာ(၃၀၀)ထက်ပိုမောင်းတဲ့ အန္တရာယ်ရှိတဲ့မြန်နှုန်းမျိုးနဲ့ မောင်းနှင်မှုတွေကိုလည်း ဖော်ထုတ်နိုင်ပါတယ်။

ကမ္ဘာ့အတော်ဆုံးယာဉ်မောင်းတွေတောင် ကားမောင်းရင်းစာမရိုက်နိုင်သလို Facebookလည်းမသုံးနိုင် ဘူးလို့ သြစတြေးလျအမျိုးသားလမ်းများနှင့် ကားမောင်းသူများအဖွဲ့အစည်းပြောခွင့်ရသူ ပီတာ ကာဝရီကပြောပါတယ်။ အသိ ဥာဏ်တုနည်းပညာသုံးထားတဲ့ ကင်မရာတွေကို ဆစ်ဒနီမြို့ကယာဉ်အသွားအလာများတဲ့ လမ်းမ(၂)ခုမှာတပ်ဆင်ထားပြီး ကား မောင်းရင်းဖုန်းသုံးတဲ့ယာဉ်မောင်းတွေ တစ်ရက်ကို(၁)ထောင်ကျော်လောက်ဖော်ထုတ်ပေးနေပါတယ်။ သြစတြေးလျကလမ်း တွေပေါ်မှာ ယာဉ်တိမ်းမှောက်တဲ့ဖြစ်စဉ်(၁၀)ခုထဲက (၁)ခုဟာ ကားမောင်းရင်းမိုဘိုင်းဖုန်းအသုံးပြုနေတာနဲ့ ဆက်စပ်နေတယ်လို့ သိရပါတယ်။ တပ်ဆင်ထားတဲ့ကင်မရာတွေမှာ ကားမောင်းရင်းဖုန်းသုံးတဲ့ယာဉ်မောင်းတွေကိုမိခဲ့ရင် လက်ရှိမှာသတိပေးစာတွေပဲ လက်ခံရမှာဖြစ်ပါတယ်။ ဒါပေမဲ့အခုလုပ်နေတဲ့ ရှေ့ဆောင်စီမံကိန်းသာအောင်မြင်ခဲ့မယ်ဆိုရင် အပြစ်ကျူးလွန်သူတွေဟာ ဒေါ် လာရာချီဒဏ်ကြေးပေးဆောင်ရမှာဖြစ်ပါတယ်။

 

 

 

Related News