Taxiသယ်ယူပို့ဆောင်ရေးကဏ္ဍကိုပြည်သူတွေအဆင်ပြေစေဖို့အတွက်YRTAအနေနဲ့ဆက်လက်ဆောင်ရွက်ပေးလျက်ရှိတယ်လို့ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှတာဝန်ရှိသူကပြောပါတယ်။ရန်ကုန်မြို့တွင်းမှာပြေးဆွဲနေတဲ့ တက္ကစီယာဉ်တွေဟာ နောက်ပိုင်းမှာတော့ နည်းပညာအထောက်အကူပြုတဲ့ Grab ၊ အိုးဝေ စတဲ့ကုမ္ပဏီတွေလည်း ပေါ်ပေါက်လာပြီဖြစ်ပါတယ်။

YRTA အနေနဲ့သယ်ယူပို့ဆောင်ရေးကဏ္ဍမှာ City Taxi မှတ်ပုံတင်ခြင်းကိစ္စကို မူဝါဒချမှတ်ပြီးပြန်လည်ဖော်ဆောင်နေပြီး တက္ကစီ စီးခရီးသည်တွေအတွက် လုံခြုံစိတ်ချရမှု၊ လိုအပ်တဲ့ပံ့ပိုးကူညီမှု၊ တရားဥပဒေစိုးမိုးရေးအရ ဘယ်လိုကူညီဆောင်ရွက်ရမလဲ ဆိုတာတွေပါ စဉ်းစားတာကြောင့် City Taxi မှတ်ပုံတင်ခြင်းလုပ်ငန်းကို ဆက်လက်ဆောင်ရွက်ပေးနေတာဖြစ်တယ်လို့သိရပါတယ်။

အခုလို City Taxi မှတ်ပုံတင်ခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးတဲ့အခါမှာလည်း ခွင့်ပြုထားတဲ့ စည်းမျဉ်းအတိုင်းသာဆောင်ရွက်ပေးနေတယ်လို့သိရပါတယ်။(၂၀၁၉)ခုနှစ် ရဲ့မေလစာရင်းတွေအရ  မှတ်ပုံတင်ထားတဲ့ City Taxi ယာဉ်အစီးရေက (၆၆၆၅၅) စီးရှိပြီး ဒီထဲမှာ ပါဝင်တဲ့ သက်တမ်းပျက် ယာဉ်အချို့ကိုလည်း ပြီးခဲ့တဲ့ (၂၀၁၈)ခုနှစ် ဧပြီလအထိ စီမံချက်တစ်ခုအနေနဲ့ဆောင်ရွက်ပေးခဲ့တယ်လို့သိရပါတယ်။

(၂၀၁၇)ခုနှစ် မှတ်တမ်းအရ City Taxi ယာဉ်ပေါ်မှာ ဖြစ်ပွားခဲ့တဲ့ လုယက်မှု၊လူပျောက်မှု၊လူသတ်မှု အစရှိတဲ့ အမှုပေါင်း (၆၂၁) မှုကိုလည်း YRTA အနေနဲ့ကူညီဖြေရှင်းပေးနိုင်ခဲ့တယ်လို့သိရပါတယ်။YRTA မှ City Taxi မှတ်ပုံတင်ခြင်းလုပ်ငန်းကို နိုဝင်ဘာလ(၁၄)ရက်ကတည်းကပြုလုပ်ပေးနေတာဖြစ်ပါတယ်။ City Taxi ယာဉ်သစ် မှတ်ပုံတင်ရင်တော့ တစ်စီးကို ငွေကျပ် (၁၂၅၀၀) ကုန်ကျမှာဖြစ်ပြီး သက်တမ်းတိုးဆောင်ရွက်ရင်တော့ ငွေကျပ် (၆၅၀၀) ပေးသွင်းရမှာဖြစ်တယ်လို့သိရပါတယ်။

 

 

Related News