ယခုနှစ်မိုးလယ်ကာလဖြစ်တဲ့ ဇူလိုင်၊သြဂုတ်လများမှာ မိုးများလာနိုင်တယ်လို့ မိုးလေ၀သပညာရှင်ဒေါက်တာထွန်းလွင်ကပြောပါတယ်။(၂၀၁၉)ခုနှစ်အတွင်း မိုးကြိုကာလနဲ့ မိုးဦးကာလဇွန်လမှာ မိုးနည်းမယ့် အခြေအနေမှာရှိနေပေမယ့် မိုးလယ်ကာလဖြစ်တဲ့ ဇူလိုင်၊သြဂုတ်လတွေမှာတော့ မိုးကောင်းနိုင်တယ်လို့သိရပါတယ်။ဒါ့ကြောင့်ရေကြီးမှု၊မြေပြိုမှု အန္တာရယ်အပါအ၀င် မိုးရွာသွန်းမှုရဲ့ အစွန်းရောက်အန္တရယ်တွေကို သတိထားဖို့ မိုးလ၀သပညာရှင်ဒေါက်တာထွန်းလွင်က သတိပေးထားပါတယ်။မုတ်သုန်ဝင်ရောက်မှုအနေနဲ့ မြန်မာနိုင်ငံတောင်ပိုင်းကို မေလ (၂၀)ရက်ကစတင်ကာဝင်ရောက်ခဲ့ပြီးဖြစ်ပြီး မြစ်ဝကျွန်းပေါ်ဒေသကိုတော့ မေလ (၂၂)ရက်ကစတင်ကာဝင်ရောက်နေဆဲဖြစ်တယ်လို့သိရပါတယ်။မြန်မာနိုင်ငံမြောက်ပိုင်းကိုတော့ယခုလကုန်မှဝင်ရောက်ဖို့ရှိပြီး တစ်နိုင်ငံလုံးကိုယခုလကုန်မှမုတ်သုန်ဝင်ရောက်သွားမှာဖြစ်တယ်လို့သိရပါတယ်။

ယခုအချိန် မိုးကြိုးပစ်တာဟာ မိုးတိမ်တောင်ဖြစ်ပေါ်မှုကြောင့် ဖြစ်ပေါ်တာလို့သိရပါတယ်။ မိုးတိမ်တောင်က အခုလိုမုတ်သုန်ဝင်ချိန်မှာ ဖြစ်လေ့ရှိပြီး မုတ်သုန်အ၀င်နောက်ကျတော့ မိုးကြိုးပစ်တဲ့ကာလကပိုရှည်သွားတာဖြစ်တယ်လို့သိရပါတယ်။ ဒါ့ကြောင့် မြန်မာတစ်ပြည်လုံးညနေပိုင်းတွေမှာ မိုးတိမ်တောင်ကြောင့် လေပြင်းတိုက်တာ၊နေရာကွက်မိုးကြီးတာနဲ့ မိုးကြိုးပစ်တာတွေဖြစ်ပေါ်လေ့ရှိနေတာလို့သိရပါတယ်။ 

 

 

Related News