စာတတ်မြောက်ရေးနှင့် ဒေသဖွံ့ဖြိုးမှုကူညီရေးအဖွဲ့ကဦးစီးပြီး ဒုတိယအကြိမ် ရန်ပုံငွေပေးအပ်လှူဒါန်းပွဲကို ဇွန်လ(၉ရက်က ရန်ကုန်တက္ကသိုလ်ဝိဇ္ဇာခန်းမမှာ ပြုလုပ်ခဲ့ပါတယ်။စာတတ်မြောက်ရေးနှင့်ဒေသဖွံ့ဖြိုးမှုကူညီရေးအဖွဲ့အနေနဲ့ ကျေးလက်ပြည်သူတွေကို အခမဲ့ဆေးကုသပေးနိုင်စေဖို့၊ ဆေးခန်းများအတွက်လိုအပ်တဲ့ ဆေးပစ္စည်းများ လှူဒါန်းနိုင်စေဖို့၊ အခြေခံပညာကျောင်းတွေမှာ ပညာရေးမြင့်မားရေးနဲ့ အောင်ချက်မြင့်မားစေဖို့၊ ကျောင်းနဲ့စာကြည့်တိုက်တွေမှာကျောင်းသုံးပစ္စည်းများ ၊စာရေးကိရိယာများနဲ့ လစဉ် စာအုပ်များ လှူဒါန်းနိုင်စေဖို့၊ ဆင်းရဲနွမ်းပါးတဲ့ ပြည်သူတွေကို အ၀တ်အထည်လှူဒါန်းနိုင်စေဖို့စတဲ့ ရည်ရွယ်ချက်တွေနဲ့ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ရံပုံငွေပေးအပ်လှူဒါန်းပွဲမှာ လာရောက်လှူဒါန်းတဲ့ အလှူရှင်(၄၄)ဦးကို ဂုဏ်ပြုမှတ်တမ်းလွှာတွေ ပေးအပ်ခဲ့ပါတယ်။

စာတတ်မြောက်ရေးနှင့် ဒေသဖွံ့ဖြိုးမှု ကူညီရေးအဖွဲ့အနေနဲ့ (၂၀၁၄)ခုနှစ် ဖေဖော်ဝါရီလက စတင်ပြီး စစ်ကိုင်းတိုင်း ဒေသကြီး၊ မင်းကင်းမြို့နယ်မှာ စတင်သွာရောက်လှူဒါန်းခဲ့တာဖြစ်ပြီး ယခု(၂၀၁၉)ခုနှစ် မေလအထိ တိုင်းဒေသကြီး ပြည်နယ်တွေမှာရှိတဲ့ မြို့နယ်နဲ့ ကျေးရွာပေါင်း(၇၀)ခန့်ကို သွားရောက်လှူဒါန်းမှုတွေပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။စာတတ်မြောက်ရေးနှင့် ဒေသဖွံ့ဖြိုးမှုကူညီရေးအဖွဲ့က အခုလို ရန်ပုံငွေပေးအပ် လှူဒါန်းပွဲကို ဒုတိယအကြိမ်မြောက် ကျင်းပပြုလုပ်တာဖြစ်ပြီး အခမ်းအနားကို စာတတ်မြောက်ရေးနှင့် ဒေသဖွံ့ဖြိုးမှုကူညီရေးအဖွဲ့မှတာဝန်ရှိသူများ၊ စာရေးဆရာများနဲ့ အလှူရှင်များတက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

 

 

Related News