Daewoo Bus Myanmar ကုမ္ပဏီမှ မကြာခင် ကားအမျိုးအစားသစ် Model (၂)မျိုးထုတ်လုပ်သွားမယ်လို့ သိရပါတယ်။ Daewoo Bus Myanmar ကုမ္ပဏီအနေနဲ့ လက်ရှိမှာ City Bus၊ Mini Bus ယာဉ်အမျိုးအစား(၂)မျိုးကို တပ်ဆင် ထုတ်လုပ်နေတာဖြစ်ပါတယ်။

မကြာခင်မှာ အမျိုးအစားသစ် Model (၂)မျိုးကို ထုတ်လုပ်သွားမှာဖြစ်ပြီး ပထမအမျိုးအစားသစ် Model က ရန်ကုန်မြို့ရဲ့လမ်းအနေအထား၊  ရာသီဥတုအပူချိန်ကို ချိန်ဆပြီး သင့်တော်တဲ့ ယာဉ်အမျိုးအစားကို ထုတ်လုပ်သွားမှာဖြစ်ပြီး ဒုတိယအမျိုးအစားသစ် Model ကတော့ Tourist Bus တွေ ထုတ်လုပ်သွားမှာဖြစ်ပါတယ်။တိုးချဲ့တပ်ဆင်ထုတ်လုပ်တာက မြန်မာနိုင်ငံရဲ့သယ်ယူပို့ဆောင်ရေးကဏ္ဍကို တိုးတက်စေဖို့အတွက် ရည်ရွယ်ထုတ်လုပ်တာဖြစ်တယ်လို့ သိရပါတယ်။ Daewoo Bus Myanmar ကုမ္ပဏီအနေနဲ့ ပြည်တွင်းမှာထုတ်လုပ်ပြီး ရောင်းချသွားမှာဖြစ်သလို လက်ငင်းမ၀ယ်ယူဘဲ အရစ်ကျဝယ်ယူသူတွေအတွက်လည်း (၅)နှစ်ကနေ(၇)နှစ်အထိ အရစ်ကျစနစ်နဲ့ ရောင်းချပေးသွားမှာဖြစ်ပါတယ်။

အခုမြန်မာနိုင်ငံမှာတပ်ဆင်တဲ့ Daewoo Bus တွေကို ပြည်ပနိုင်ငံတွေမှာပါ တင်ပို့ရောင်းချသွားမယ်လို့ သိရပါတယ်။

 

Related News