Yoga Association Myanmar ကဦးစီးပြုလုပ်မယ့် အပြည်ပြည်ဆိုင်ရာ ယောဂနေ့အထိမ်းအမှတ်အခမ်းအနားကို လာမယ့် ဇွန်လ(၂၁)ရက်မှာ ရန်ကုန်မြို့ပြည်သူ့ရင်ပြင်မှာ ကျင်းပပြုလုပ်သွားမယ်လို့ ဇွန်လ(၁၆)ရက်က ဆူးလေရှန်ဂရီလာမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲက သိရပါတယ်။ Yoga ကစားနည်းက လွန်ခဲ့တဲ့ နှစ်ပေါင်း (၅၀၀၀)လောက်က အိန္ဒိယနိုင်ငံရဲ့ ရှေးဟောင်း အားကစားနည်းတစ်ခု ဖြစ်ပါတယ်။ ယောဂကစားနည်းဟာ လူကြီးရော၊ ကလေးပါ လူတိုင်းကစားနိုင်တဲ့ အားကစားနည်းတစ်ခုဖြစ်ပြီး ကျန်းမာရေးအတွက်တင်မကဘဲ  စိတ်ပိုင်းဆိုင်ရာကိုလည်း များစွာအထောက်အကူပေးနိုင်တဲ့ အားကစားနည်းတစ်ခုဖြစ်တယ်လို့ သိရပါတယ်။ အခြားအားကစားနည်းတွေထက်စာရင် ကုန်ကျစရိတ်လည်း သက်သာတဲ့ အားကစားနည်းတစ်ခုဖြစ်တယ်လို့လည်း သိရပါတယ်။

Yoga Association Myanmar ကို (၂၀၁၈)ခုနှစ်က စတင်တည်ထောင်ခဲ့တာဖြစ်ပြီး အိန္ဒိယနိုင်ငံက ပရော်ဖက်ရှင်နယ် ယောဂဆရာကနေ နည်းစနစ်မှန်ကန်အောင် ယောဂပညာပြန့်ပွားစေလိုတဲ့ ရည်ရွယ်ချက်နဲ့ တည်ထောင်ထားတာလို့ သိရပါတယ်။ယောဂနေ့ဖြစ်လာတာက ၂၀၁၄ ခုနှစ် ဒီဇင်ဘာက ပြုလုပ်ခဲ့တဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ အိန္ဒိယဝန်ကြီးချုပ်က ဇွန်လ ၂၁ ရက်ကို အပြည်ပြည်ဆိုင်ရာယောဂနေ့အဖြစ် သတ်မှတ်ပေးဖို့ တောင်းဆိုခဲ့တာလို့ သိရပါတယ်။ လာမယ့် ဇွန်လ(၂၁)ရက်မှာ မနက်(၆)နာရီကစပြီး ပြည်သူ့ရင်ပြင်မှာ  International Yoga Day ကို ပြုလုပ်သွားမှာဖြစ်ပါတယ်။ ဒီပွဲအခမ်းအနားမှာ  Yoga သင်တန်းကျောင်းပေါင်း(၃၀)ကျော်က လူပေါင်း (၇၀၀)ခန့် လာရောက်ကာ ယောဂနေ့ကို ဂုဏ်ပြုကြိုဆိုသွားဖို့ ခန့်မှန်းထားတယ်လို့ သိရပါတယ်။ 

 

Related News