တစ်ကမ္ဘာလုံးမှာတော့ ဇွန်လ(၂၁)ရက်ကို International Yoga Day အဖြစ်သတ်မှတ်ကျင်းပနေပြီး မြန်မာနိုင်ငံမှာလည်း (၅)ကြိမ်မြာက် အထိမ်းအမှတ်အဖြစ်International Yoga Day ကို ပြည်သူ့ရင်ပြင်မှာ ဇွန်လ(၂၁)ရက်က ကျင်းပပြုလုပ်ခဲ့ပါတယ်။ ယောဂကစားနည်းဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း (၅၀၀၀)ကစတင်ပြီး အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံကနေဆင်းသက်လာတဲ့ ရှေးဟောင်းအားကစားနည်းတစ်ခုဖြစ်ပါတယ်။ ယောဂကစားနည်းဟာ လူကြီးရောကလေးပါ လူတိုင်းကစားနိုင်အောင်ပြုလုပ်ထားတဲ့ အားကစားနည်းတစ်ခုဖြစ်ပြီး ကျန်းမာရေးအတွက်တင်မကပဲ စိတ်ပိုင်းဆိုင်ရာကိုလည်း များစွာအထောက်အကုပေးနိုင်တဲ့ အားကစားနည်းတစ်ခုဖြစ်တယ်လို့သိရပါတယ်။ ယခုပြုလုပ်နေတဲ့ International Yoga Day ကို  Yoga Association Myanmar ကကြီးမှူးကျင်းပတာဖြစ်ပြီး ရန်ကုန်မှာ ရှိတဲ့ ယောဂသင်တန်းသား၊ သင်တန်းသူ အယောက်(၃၀၀)နီးပါးတက်ရောက်ခဲ့ကြပါတယ်။ ယောဂကစားသူတွေအနေနဲ့စိတ်ပိုင်းဆိုင်ရာ စိတ်ဖိစီးမှုများတဲ့သူတွေ၊ အ၀လွန်သူတွေ၊ အရိုးအကြော ထုံကျင်တတ်သူတွေ အများစုဆော့ကစားကြပြီး ဒီကစားနည်းကို ဆော့ကစားပြီးနောက်ပိုင်းမှာ ကိုယ်ခန္ဓာသွက်လက်ပေါ့ပါးပြီး ယခင်ထက် နေလို့ပိုကာင်းလာတယ်လို့ယောဂကစားသူအချို့ကပြောပါတယ်။

ယခုဦးစီးပြုလုပ်တဲ့ Yoga Association Myanmar ကို (၂၀၁၈)ခုနှစ်ကစတင်တည်ထောင်ခဲ့တာဖြစ်ပြီး အိန္ဒိယနိုင်ငံက ပရော်ဖက်ရှင်နယ် ယောဂဆရာကနေ နည်းစနစ်မှန်ကန်အောင် ယောဂပညာပြန့်ပွားစေလိုတဲ့ ရည်ရွယ်ချက်နဲ့တည်ထောင်ထားတာလို့သိရပါတယ်။ ယောဂနေ့ဖြစ်လာရတာဟာ (၂၀၁၄) ခုနှစ် ဒီဇင်ဘာလတုန်းက ပြုလုပ်တဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ အိန္ဒိယဝန်ကြီးချုပ်က ဇွန်လ (၂၁) ရက်ကို အပြည်ပြည်ဆိုင်ရာ ယောဂနေ့အဖြစ်သတ်မှတ်ပေးဖို့ တောင်းဆိုခဲ့လို့ဖြစ်ပေါ်လာတာလို့သိရပါတယ်။ 

 

 

Related News