GONYI  SHOPHOUSES ရတနာပိုင်စိုက်ထူခြင်းမင်္ဂလာအခမ်းအနားကို ဒီနေ့ ဇွန်လ(၂၂)ရက်က အထက်ပန်းဆိုးတန်း လမ်းနှင့် မြန်မာ့ဂုဏ်ရည်လမ်းထောင့်မှာ ပြုလုပ်ခဲ့ပါတယ်။ မြန်မာ့ဂုဏ်ရည်အိမ်ရာစီမံကိန်းကို ရန်ကုန်မြို့ရဲ့အချက်အချာနေရာဖြစ်တဲ့ အထက်ပန်းဆိုးတန်းလမ်းနှင့် မြန်မာ့ဂုဏ်ရည်လမ်း ထောင့်မှာ ရတနာပိုင်စိုက်ထူပြီး စေပိုင်ဖွံ့ဖြိုးမှုလီမိတက်က တည်ဆောက်မှာ ဖြစ်ပါတယ်။ ဒီစီမံကိန်းမှာ Shop Houses (၁၇)လုံးပါဝင်မှာဖြစ်ပြီး အထက်ပန်းဆိုးတန်း(မေးတင်)မှာ Shop Houses (၈)လုံးနဲ့ စေပိုင်ဖွံ့ဖြိုးမှု လီမိတက်ကဆောက်လုပ်ပြီး သား ကွန်ဒိုရဲ့မျက်နှာချင်းဆိုင်မှာ Shop Houses (၉)လုံးကို (၂)နှစ်စီမံကိန်းနဲ့ ဆောက်လုပ်သွားမှာ ဖြစ်ပါတယ်။ ရန်ကုန်မြို့တော် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အိမ်ရာစီမံကိန်းတွေ Shop House တွေ Apartment တွေ တည်ဆောက်နေကြတဲ့ အထဲမှာ အခုတည်ဆောက်မယ့် အဆောက်အဦဟာ ရန်ကုန်မြို့ပြအတွက် အရေးကြီးတဲ့ နေရာတစ်ခုမှာရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

အခုတည်ဆောက်မယ့် အိမ်ရာစီမံကိန်းဟာ မြေဧက(၁.၈၉) ဧကပေါ်မှာတည်ရှိပြီး အထက်ပန်းဆိုးတန်းလမ်းကနေ ပေ(၆၀) အကွာမှာ တည်ဆောက်မှာဖြစ်ပါတယ်။ Shop House အမျိုးအစားတွေ(၅)မျိုးသတ်မှတ်ထားပြီး ၀ယ်ယူသူတွေအနေနဲ့ စီးပွားရေးလုပ်ငန်းပေါ်မူတည်ပြီး အရွယ်အစားအလိုက် ရွေးချယ်ဝယ်ယူနိုင်တယ်လို့သိရပါတယ်။ဒီစီမံကိန်းဟာ ရန်ကုန်မြို့ရဲ့ ပထမဆုံးသော Shop House နှစ်တန်းကြားမှာ အတွင်းကားပတ်လမ်းတွေပါ ထည့်သွင်းထားတဲ့ စီမံကိန်းဖြစ်ပြီး စီးပွားရေးလုပ်ကိုင်ရာမှာလည်း အဆင်ပြေစေဖို့ဆောင်ရွက်ပေးထားတာဖြစ်ပါတယ်။ဒီအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၊ ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုး ၊ SAE PAING DEVELOPMENT LIMITED မှ  သက်ဆိုင်ရာ တာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များလည်း တက်ရောက်ခဲ့ကြပါတယ်။

 

Related News