Myanmar Wedding & Beauty Expo 2019 ပြပွဲကို ဇွန်လ(၂၁)ရက်ကနေ (၂၃)ရက်အထိ (၃)ရက်ကြာ ကျင်းပပြုလုပ်နေပါတယ်။ 
Myanmar Wedding & Beauty Expo 2019 ပြပွဲကို  မင်္ဂလာဆောင်တော့မယ့် ဇနီးမောင်နှံတွေလိုအပ်တာတွေကို တစ်နေရာတည်းမှာ တစ်စုတစ်စည်းထဲ ရရှိစေရန်ရည်ရွယ်ပြုလုပ်တာဖြစ်ပါတယ်။ ဒီပြပွဲမှာ ဆိုင်ခန်းပေါင်း(၁၁၄)ခန်းနဲ့ ကုမ္ပဏီပေါင်း(၈၀)ကျော်မှ လာရောက်ပြသတာဖြစ်ပြိီး ပြပွဲမှာ မင်္ဂလာဆောင် ဖိတ်စာဆိုင်များနဲ့ အမှတ်တရ ပစ္စည်းဆိုင်များ ၊ လက်ဝတ်ရတနာဆိုင်များ ၊ မင်္ဂလာဝတ်စုံဆိုင်များ ၊ မိတ်ကပ် artist များ ၊ ခရီးသွားလုပ်ငန်းများ ၊ အလှပြုပြင်ရေး စင်တာဆိုင်များ နဲ့ Hotel များ စတဲ့ဆိုင်များပါဝင်ပြသရောင်းချနေတာ ဖြစ်ပါတယ်။ဒီပြပွဲမှာ မင်္ဂလာဝတ်စုံများ ၀တ်ဆင်ခြင်း၊ မင်္ဂလာပွဲနေ့မှာ အသားရည်ထိန်းသိမ်းဖို့ နည်းလမ်းများ မျှဝေခြင်း၊ ဟန်းနီးမွန်း ခရီးစဉ်များကိုရွေးချယ်ခြင်း၊ အကြောင်းအရာများနဲ့ သတို့ သမီးများအတွက် ကိုယ်အလေးချိန်လျှော့ချနည်းခြင်း၊ ခရိီးထွက်ခြင်း၊ Pre-Wedding ရိုက်ကူးခြင်းများအကြောင်းကို ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။Myanmar Wedding & Beauty Expo 2019 ပြပွဲကို ပထမဦးဆုံးအကြိမ်ပြုလုပ်တာဖြစ်ပါတယ်။

 

Related News