Android Developers Conference - Droid Yangon 2019 ကို ဇူလိုင်လ(၉)ရက်က ရန်ကုန်မြို့၊ တော်ဝင်ဂါးဒင်းဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။ Android Developers Conference - Droid Yangon 2019 ကို ပြည်တွင်းမှာ ပထမဆုံးအကြိမ် ကျင်းပတာဖြစ်ပြီး ပြည်တွင်း/ ပြည်ပမှ နည်းပညာများကို လေ့လာသင်ယူကာ လက်တွေ့ဘ၀မှာ ပြန်လည်အသုံးချနိုင်ဖို့အတွက် ရည်ရွယ်ကျင်းပ ပြုလုပ်တာ ဖြစ်ပါတယ်။ Android Developers Conference မှာတော့ နာမည်ကြီးနိုင်ငံခြားနည်းပညာကုမ္ပဏီများဖြစ်ကြတဲ့ Google, Gojek, Line Thailand, Athena Dynamis Pte Ltd မှ နည်းပညာရှင်များနှင့် ပြည်တွင်း Software Development ကုမ္ပဏီကြီးများဖြစ်တဲ့ nexlabs, Wave Money, Gusto College, Codigo Myanmar, Global New Wave Technology, BizLeap Technology မှ Senior Software Engineer နည်းပညာရှင်များမှ တက်ရောက်ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ် ။ဆွေးနွေးရာမှာ Android နဲ့ ဆက်စပ်တဲ့ နည်းပညာ အကြောင်းအရာများ ဖြစ်ကြတဲ့ Machine Learning, App Security, Firebase, Software Testing, Camera X အစရှိတဲ့ ခေါင်းစဉ်တွေကို ပြည်တွင်း၊ ပြည်ပနည်းပညာရှင်ကြီးများမှ ဆွေးနွေးခဲ့တာဖြစ်ပါတယ်။Android Developers Confererce ကို ပြည်တွင်းမှာသာမကဘဲ ထိုင်း၊ ဗီယက်နမ်နဲ့ စင်္ကာပူနိုင်ငံတို့မှာလည်း ယခုလအတွင်း လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

 

Related News