ထိုင်းနိုင်ငံ မဟာချူလာလောင်ကွန်ရာဇ၀ိဒယလျတက္ကသိုလ်ကောင်စီမှ  သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး သူရဦးအောင်ကို ကို ပြည်သူ့ရေးရာစီမံခန့်ခွဲမှုဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ပေးအပ်ခဲ့တဲ့အခမ်းအနားကို  ဇူလိုင်လ(၁၀) ရက်က ကရ၀ိတ် နန်းတော်မှာပြုလုပ်ခဲ့ပါတယ်။ အခုလိုဘွဲ့ပေးအပ်ရာမှာ ဗုဒ္ဓဘာသာသာသနာတော်အစဉ်တည်တံ့တိုးတက်ခိုင်မြဲရေးအတွက် သာသနာရေးရာ ပရိယတ္တိ ပညာရေးရာလုပ်ငန်းများ ထောက်ပံ့စီမံခန့်ခွဲပေးနိုင်ခြင်း၊ ဘာသာရေးကိုအခြေခံတဲ့ ပဋိပက္ခများစွာ မဖြစ်ပွားစေရေးအတွက် ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် စီမံခန့်ခွဲနိုင်ခြင်း အစရှိတာတွေအပြင် ပုဂံယဉ်ကျေးမှုအမွေအနှစ် ဒေသတွင် မြေငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့ရတဲ့ စေတီပုထိုးများပြန်လည်ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများကို သတ်မှတ်ကာလအတွင်း ဆောင်ရွက်နိုင်မှုတွေကြောင့်လည်း ပါဝင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ပုဂံယဉ်ကျေးမှုအမွေအနှစ် ဒေသကို  ကမ္ဘာ့အမွေအနှစ် စာရင်းဝင်နိုင်ရေးအတွက် ဦးဆောင်ပြီး စီမံခန့်ခွဲမှုတွေကြောင့်လည်း ပါဝင်တယ်လို့ သိရပါတယ်။ပြည်သူ့ရေးရာစီမံခန့်ခွဲမှု ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ပေးအပ်ပွဲအခမ်းအနားကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရ၀ါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်း (ဗဟို)ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ဘာသာရေးအဖွဲ့အစည်းများနဲ့ လူမှုရေးအသင်းအဖွဲ့တွေလည်း တက်ရောက်ခဲ့ကြပါတယ်။

 

 

Related News