နေပြည်တော်မှာရှိတဲ့ ဥပ္ပါတသန္တိစေတီတော်မှာ ၀ါဆိုလပြည့်နေ့ ဇူလိုင်လ(၁၆)ရက် ညနေပိုင်းက ဆီမီးကိုးထောင် ကပ်လှူပူဇော်ခဲ့တယ်လို့ သိရပါတယ်။ယခုမြင်တွေ့နေရတာကတော့ နေပြည်တော်က အထင်ကရစေတီတစ်ခုဖြစ်တဲ့ ဥပ္ပါတသန္တိစေတီတော်မှာ အနယ်နယ်အရပ်ရပ်က လာရောက်ဖူးမျှော်သူတွေနဲ့ စည်ကားနေတဲ့မြင်ကွင်းဖြစ်ပါတယ်။ စေတီတော်ကြီးကို ၀ါဆိုလပြည့်နေ့ ညနေပိုင်းမှာ ဘုရားဖူးလာပြည်သူတွေ၊ စေတီတော်ကြီးက ၀န်ထမ်းတွေနဲ့ ဆီမီးကိုးထောင်ပူဇော်ခဲ့ကြပါတယ်။

ဥပ္ပါတသန္တိစေတီတော်မှာ ၀ါဆိုလပြည့်နေ့မနက်ပိုင်းက အစိုးရအဖွဲ့ တာဝန်ရှိသူများမှ ၀ါဆိုသင်္ကန်း ကပ်လှူခြင်း၊ စိုးလျှပ်စစ်ဖောင်ဒေးရှင်မှ လှူဒါန်းခဲ့တဲ့ စောင်းတန်း အမိုးလှူဒါန်းခြင်းတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဘုရားဖူးလာပြည်သူတွေက ပန်း၊ ရေချမ်း၊ ဆီမီးပူဇော်ခြင်းတွေ၊ ၀တ်ရွတ်အသင်းတွေရဲ့ ပဋ္ဌာန်းရွတ်ဖတ် ပူဇော်ခြင်းတွေပြုလုပ်ခဲ့ကြပါတယ်။ဝါဆိုလပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တွေရဲ့ အထွဋ်အမြတ်ထားရာ နေ့ထူးနေ့မြတ်တစ်ခုဖြစ်ပြီး ဗုဒ္ဓမြတ်စွာဘုရားရှင် ပဋိသန္ဓေတည်တဲ့နေ့၊ ဗုဒ္ဓမြတ်စွာဘုရားရှင်တောထွက်တဲ့နေ့၊ ဗုဒ္ဓမြတ်စွာဘုရားရှင် ဓမ္မစင်္ကြာတရားဟောတဲ့နေ့လည်းဖြစ်ပါတယ်

 

 

Related News