အာဇာနည်နေ့အထိမ်းအမှတ် အဖြစ် စာအုပ်ဈေးရောင်းပွဲတော်ကို ဇူလိုင်လ(၁၉)ရက်ကနေ ဇူလိုင်လ(၂၁)ရက်အထိ Yangon Book Plaza မှာ  ပြုလုပ်နေတာဖြစ်ပါတယ်။အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ရောင်းချနေတဲ့ စာအုပ်ဈေးရောင်းပွဲတော်မှာ စာအုပ်တွေကို လူတိုင်းဝယ်နိုင်တဲ့ ဈေးနှုန်းတွေ နဲ့ ပြည်သူတွေစာဖတ်အားကောင်းလာအောင်ရည်ရွယ်ပြီး ပြုလုပ်ပေးတာဖြစ်ပါတယ်။ Yangon Book Plaza မှာရှိတဲ့ စာအုပ် အားလုံးကို လျှော့ဈေးနဲ့ရောင်းချပေးနေတာ ဖြစ်ပြီး ၀တ္ထုစာအုပ်၊ ကာတွန်းစာအုပ် ၊ သိုင်းလောကစာအုပ်၊ အစရှိတဲ့ စာအုပ်တွေကို ငွေကျပ် (၁၀၀)ကျပ် မှ (၃၀၀)ကျပ်အထိ ရောင်းချပေးနေတာဖြစ်ပါတယ်။  ဒါ့အပြင် အခြားစာအုပ်တိုက်တွေ ကလည်း နာမည်ကြီး စာရေးဆရာကြီးတွေရဲ့စာအုပ်တွေကို အနည်းဆုံး (၁၀)ရာခိုင်နှုန်းကနေ (၅၀)ရာခိုင်နှုန်းအထိ လျှော့ဈေးနဲ့ ရောင်းချနေတာ ဖြစ်ပါတယ်။

စာအုပ်ဈေးရောင်းပွဲတော်ကို  ရန်ကုန်မြို့နဲ့ နီးစပ်ရာ နယ်တွေကနေလည်း လာရောက်ဝယ်ယူကြသူတွေရှိပါတယ်။ နယ်ကလာရောက် ၀ယ်ယူသူတွေက သူတို့ဆီမှာ စာအုပ်ဝယ်ယူရတာမလွယ်ကူတဲ့အတွက် အခုလိုစာအုပ်ဈေးပွဲတော်မှာ ၀ယ်ယူကြတာဖြစ်ပြီး တစ်ဦးလျှင် အုပ်ရေ (၁၀၀)နီးပါးလာရောက်ဝယ်ယူကြတာဖြစ်ပါတယ်။ ဒါ့အပြင် ပုံမှန်စာအုပ်စုဆောင်း သူတွေက နယ်တွေက စာကြည့်တိုက်တွေကို စာအုပ်လှူဒါန်းဖို့လာရောက်ဝယ်ယူတာတွေလည်းရှိပါတယ်။Yangon Book Plaza အနေနဲ့ စာအုပ်ဈေးရောင်းပွဲတော်ကို နှစ်စဉ်နှစ်တိုင်း အာဇာနည်နေ့မှာ ပြုလုပ်လာတာက ယခုအကြိမ်နဲ့ဆို တတိယအကြိမ်ရှိပြီဖြစ်တယ်လို့သိရပါတယ်။

 

 

 

 

 

Related News